တိုင်ပေ၊ မေ ၂၀

မေ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတသစ် ဝီလီယံလိုင်က ထိုင်ဝမ်ကို ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ တရုတ်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဆရာဝန် အဖြစ်ကနေ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် သမ္မတလိုင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတအဖြစ် ကျမ်းသစ္စာ ကျန်ဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အကြီးမားဆုံး မဟာဗျူဟာဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုနေစဉ်

မစ္စတာ လိုင်နဲ့ ဒုတိယသမ္မတ ရှီအိုဘီ ကင်းတို့ကို သဘောမကျကြောင်း ဘေဂျင်းက ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။ဒုတိယသမ္မတကင်းဟာ အမေရိကန်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဂျပန်နိုင်ငံဖွားသံတမန် ဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ သမ္မတ လိုင်ဟာ အရင်သမ္မတ ဆိုင်အမ်ဝမ်ရဲ့ မူဝါဒတွေအတိုင်း လုပ်ဆောင်မယ်လို့ မျှော်လင့်ရကြောင်း လေ့လာသူတွေက ပြောပါတယ်။

တရုတ်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာ သမ္မတက မိမိတို့နိုင်ငံရေး ပါတီ အားလုံးဟာ အချုပ်အခြာအာဏာကို ကာကွယ်ပြီး သိမ်းပိုက်မှုကို ကန့်ကွက်ကြရမယ်လို့ ပြောပါတယ်။

Lai Ching-te, Taiwan’s president, center, Hsiao Bi-khim, vice president, right, and Tsai Ing-wen, former president, during his inauguration ceremony at the Presidential Palace in Taipei, Taiwan, on Monday, May 20, 2024. Lai was sworn in as president of the democratic island, putting him right at the heart of a geopolitical rivalry involving the world’s two biggest powers. Photographer: An Rong Xu/Bloomberg via Getty Images

နိုင်ငံရေးသမားတွေအနေနဲ့လည်း နိုင်ငံရေးဆိုင်ရာ အာဏာရရှိဖို့အတွက် အချုပ်အခြာအာဏာကို မစွန့်လွှတ်သင့်ဘူးလို့ သမ္မတလိုင်က ပြောပါတယ်။ မိမိတို့အနေနဲ့ ပြင်ပအင်အားစုတွေကြောင့် ဒီမိုကရေစီကို ထိခိုက်ခံလို့ မဖြစ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ စီးပွားရေး အားကောင်းလာအောင် ဆောင်ရွက်သွားမယ်လို့ သူက ဆိုပေမယ့် သဘောထားကွဲလွဲနေတဲ့ လွှတ်တော်အပြင် သမ္မတဟာ အလုပ်လက်မဲ့ ပြဿနာနဲ့ အိမ်ခြံမြေဈေးနှုန်း မြင့်တက်နေမှု အပါအဝင် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.