မော်လမြိုင်၊ မေ ၁၆

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်မှုအ တွက် KIO/ KIA နဲ့ တကွ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အသက် ၆၂ နှစ်အရွယ် KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ မေ ၁၃ ရက်နေ့မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

KIAစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ ကချင်အမျိုးသားလွတ်လပ်ရေး တိုက်ပွဲနဲ့အ တူ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တိုက်ပွဲတွေမှာ အရေးကြီးသော အခန်းကဏ္ဍတို့ကနေ တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြောပါတယ်။

ဒါ့အပြင် သူဟာ တိုင်းရင်းသားပြည်သူတွေအတွက် ဒီမိုကရေစီအရေး၊ တန်းတူရေး၊ကိုယ်ပိုင်ပြ ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် KIO/KIA နဲ့ အတူ လမ်းခင်းပေးသူလည်း ဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။

တိုင်းရင်းသားပြည်သူတရပ်လုံး လွတ်မြောက်ရေးတိုက်ပွဲမှာ ဦးဆောင်ပြီး နောက်ဆုံးထွက်သက်အထိ မလျော့သော ဇွဲလုံ့လနဲ့ တော်လှန်ရေး စိတ်ဓာတ်အပြည့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းတို့အား မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းတွေမှ အထူးပင်လေးစားဂုဏ်ပြုအပ်ကြောင်း သဝဏ်လွှာပေးပို့ထားပါတယ်။

KIAစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ကွယ်လွန်မှုအပေါ် အမျိုးသားညီညွတ်ရေးအ စိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အထူးပင်ဝမ်းနည်းကြေကွဲရကြောင်း သဝဏ်လွှာအသီးသီးပေးပို့ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.