May 15, 2024

စစ်အာဏာသိမ်း (၁၂၀၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၀၆၃) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၆ AAPP ရဲ့ မေ ၁၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၀၀) ရက်အတွင်း ပြည်သူ (၅၀၆၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၆၈၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၇ ဦး သေဆုံး ၈၁ ဦး ဒဏ်ရာရ

မော်လမြိုင်၊ မေ ၁၆ နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ ၄၇ ဦး သေဆုံးပြီး ၈၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ မေ ၈ ရက်နေ့ကနေ ၁၄ ရက်အထိ တစ်ပတ်အတွင်း ကောက်ယူထားတဲ့ အချက်အလက်တွေအရ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊…

လွတ်မြောက်နယ်မြေတွေနဲ့ တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေရဲ့ ပညာသင်ယူခွင့်အလားအလာ

မော်လမြိုင်၊ မေ ၁၆ လာမယ့်ပညာသင်နှစ်အတွက် တော်လှန်ရေးအင်အားစုတွေရဲ့ လွတ်မြောက်နယ်မြေတွေမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ယူခွင့်အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပညာရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း ကချင်၊ ချင်း၊ ရှမ်းမြောက်၊ ရခိုင်၊ ကရင်နီ၊ ကရင်နဲ့ စစ် ကိုင်းတိုင်းတို့မှာ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့…

မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားမှာ အိမ်စီးကားတွေ စတင်ဖြတ်သန်းခွင့်ပြု

ဘီးလင်း၊ မေ ၁၆ ရန်ကုန်-မော်လမြိုင်ပြည်ထောင်စုကားလမ်းပေါ်က မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားမှာ မေ ၁၅ ရက်နေ့ကစပြီး အိမ်စီးကားတွေ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပြီလို့ ဒေသခံတွေနဲ့ခရီးသွားတွေထံကနေ သိရပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာရှိ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့မှာ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားအပြင် အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဘေလီတံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာပါ။ ပြိုကျပျက်စီးသွားတဲ့ တံတားနှစ်စင်းထဲက ကွန်ကရစ်တံတားကိုတော့…

ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

ဘီးလင်း၊ မေလ ၁၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူတွေနေထိုင်ရာ…

ရေဖြူမှာ လက်နက်ကြီးကျလို့ မောင်နှမနှစ်ဦးသေဆုံး

ရေဖြူ၊ မေ ၁၅ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာထဲကို ဒီနေ့ မေ ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မောင်နှမနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အုန်းပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ “စကစ…

အစ္စရေးသို့ ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ လက်နက်တွေ တင်ပို့ဖို့ အမေရိကန် စီစဉ်

ဝါရှင်တန်၊ မေ ၁၅ အိမ်ဖြူတော်က အစ္စရေးဆီကို ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ တင်ပို့လိုကြောင်း လွှတ်တော်ကို အသိပေးထားတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဒီအစီအစဉ်မှာ သံချပ်ကာကား၊ ကျည်တွေ၊ မော်တာတွေနဲ့ စစ်သုံးယာဉ်တွေအတွက် ကျည်ဆန်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ အစ္စရေးထံ လက်နက် တင်ပို့မယ့် အစီအစဉ်အတွက်…

တရုတ်ထုတ် အဆင့်မြင့်ဒရုန်းတွေ စစ်ကောင်စီ ဝယ်ယူဖြည့်တင်းထား

နေပြည်တော်၊ မေ ၁၅ စစ်ကောင်စီက သူ့ရဲ့ တပ်တွေကို တရုတ်နိုင်ငံထုတ် အဆင့်မြင့် ဒရုန်းတွေနဲ့ အင်အားဖြည့်တင်းပြီး တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်နေတာကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာကြောင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။ RFA Burmese သတင်းဌာနရဲ့ မကြာသေးခင်က စုံစမ်းစစ်ဆေးမှုတွေအရ စစ်ကောင်စီတပ်တွေဟာ ပစ်မှတ်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တဲ့ အထူးကင်မရာတွေ တပ်ဆင်ထားတဲ့…