အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့”စလင်း PDF တပ်သားတွေက ဆက်ကြေးကောက်ယူနေတယ်”လို့ စစ်တပ်လော်ဘီတွေက ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို ဟန်ငြိမ်းဦး၊ အောင်မင်း၊မှိုင်းဝေစတဲ့ စစ်တပ်လော်ဘီအကောင့်တွေမှတဆင့် မေ ၅ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မကွေးတိုင်း စလင်းမြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့တကွ သ တင်းထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေဟာ မေ ၅ ရက်နေ့ မနက် ၉ နာရီခွဲခန့်မှာ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့နဲ့ နွယ်တမယ်ရွာကြား စလင်းချောင်းကိုဆက်သွယ်ထားတဲ့ ဆင်ဖြူကျွန်း – နွယ်တမယ်တံတားပေါ်နဲ့ ဆုတ်လေဦးဘက်တို့မှာ နေရာယူခဲ့ပြီး ဒေသ ခံပြည်သူတွေကို အားပေးစကားပြောကြားခဲ့ပြီး လမ်းပိုင်းလုံခြုံရေးအတွက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့ RADIO NUG က ဖော်ပြထားပါတယ်။

ဆင်ဖြူကျွန်း – နွယ်တမယ်တံတားရဲ့ နွယ်တမယ်ကျေးရွာဘက်ခြမ်းမှာ ပြည်သူ့ကာကွယ်ရေးရဲ ဘော်တွေ ရောက်ရှိနေပေမယ့် တဖက်ခြမ်းမှာရှိနေတဲ့ ဆင်ဖြူကျွန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စိုးရိမ်ထိတ်လန့်စွာနဲ့ ငြိမ်နေကြတယ်လို့လည်း RADIO NUGက ဖော်ပြထားပါတယ်။

စလင်းမြို့ပြင်နယ်နိမိတ်မှာရှိတဲ့ လမ်းမကြီးတွေမှာ စလင်းပြည်သူ့ကာကွယ်ရေးက ရဲဘော်တွေ လုံခြုံရေးထပ်တိုးပြီး စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တာကြောင့် ယာဉ်မောင်းတွေအနေနဲ့ ကားမှန်ချမောင်းနှင်ကြဖို့လည်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်း သတင်းထုတ်ပြန်ချက်လင့်

https://m.facebook.com/story.php?story_fbid=pfbid02BWJm8oB9aDxazwPh3kWiw1FhFRphmXWit9EMu6SXAXa4s56AYdftWgeq4cVsmGsrl&id=100064292044619&mibextid=Nif5oz

RADIO NUGသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://m.facebook.com/story.php?story_fbid=pfbid02vb9H63GPbiVZjMkw2D621DuJxV8kdtiEJDUZBZDPpxK1gVqFMqYKu5MeyC7H7mFBl&id=100071781816349&mibextid=Nif5

PVTV သတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0P73PFDbuvZE7bF7kfDNVSaMkHyHYara1LDatdNNEGSEktidtgdF5kpnu7LVfUTKWl&id=100066477263515&mibextid=Nif5oz&_rdc=1&_rdr

မောင်း သတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid08sCHuswHS3xTW23fXBUmDfncyQ8TSMQi3KGGMu8b42Jk4wzZR8wc5tVuAqutj3BUl&id=100064377741377&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.