May 4, 2024

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ SSPP ပြော

ဝမ်ဟိုင်း ၊ မေ ၅ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေနဲ့ လက်ရှိဖြစ် ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်သွားမယ့် အဆင့်မျိုး ဆုံးဖြတ်ထားတာမရှိသေးဘူးလို့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဆုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP Info ရဲ့ Facebook…

လိုက်ဘေးရီးယားမှာ ပထမဆုံး စစ်ရာဇဝတ်မှုတရားရုံး ဖွင့်လှစ်မယ်

မွန်ရိုးဗီးယား၊ မေ ၅ လူပေါင်း နှစ်သိန်းခွဲ သေဆုံးခဲ့ရတဲ့ ပြည်တွင်းစစ်နှစ်ခု အဆုံးသတ်ပြီးနောက် နှစ်ပေါင်း ၂၀ကျော်အကြာမှာ လိုက်ဘေးရီးယားရဲ့ ပထမဆုံး စစ်ရာဇဝတ်မှုတရားရုံး ဖွင့်လှစ်ရေး အထူးအမိန့်တစ်ရပ်ကို သမ္မတဂျိုးဆပ်ဘိုအာကိုင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ၁၉၈၃ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတွေနဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် ခေါ်ယူစုဆောင်းမှုတွေအပါအဝင်…

မွန်ပြည်နယ်မှာ လူငယ် ၅၀ နီးပါး စစ်မှုထမ်းသင်တန်း ထပ်မံပို့ဆောင်ခံရ

မော်လမြိုင် ၊ မေ ၅ မွန်ပြည်နယ်မှာ စစ်ကောင်စီ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ လူငယ် ၅၀ နီးပါးကို စစ်သင် တန်းပေးရာ သံဖြူဇရပ်တပ်နယ်သို့ ထပ်မံပို့ဆောင်လိုက်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနီးရှိ အမှတ် (၆) ပညာရေးကျောင်း (တပ်မတော်ကြည်း)မှာ စစ်သားစုဆောင်းထားတဲ့ အဲဒီလူငယ်တွေကို မေ ၃ ရက်နေ့က သံဖြူဇရပ်မြို့နယ်ရှိ…

အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိပြု

ဟိုနိုလူလူ၊ မေ ၅ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးတွေက ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းအောင် တိုးမြှင့်ဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလိုကတိပြုမှုကို တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ် နေချိန် ဟာဝိုင်ယီမှာ မေ ၂ရက်က ဒုတိယမြောက် တွေ့ဆုံမှုအတွင်း လုပ်ဆောင်ခဲ့ကြတာပါ။ အရှေ့တောင်အာရှ နိုင်ငံအချို့နဲ့ ဘေဂျင်းကြား အငြင်းပွားနေတဲ့…

ကျိုက်မရောမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

ကျိုက်မရော၊ မေ ၅ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောနဲ့ကော့ဒွန်းကျေးရွာတို့ကို မေ ၄ ရက်နေ့ မနက် ၈ နာရီအချိန့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းအသုံးပြု တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီးဟာ ကော့ပနောနဲ့ ကော့ဒွန်းကျေးရွာတို့မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လှုပ်ရှားနေတယ်ဆိုတဲ့ သတင်းအရ စစ်သေနတ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့…

စစ်ကောင်စီအကျဉ်းထောင်တွေမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပိုမိုများပြားလာတယ်လို့ PPNM ပြော

မော်လမြိုင်၊ မေ ၄ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ လိင်စိတ်ခံယူမှု ကွဲပြားပြီး အကျဉ်းသားတွေဖြစ်တဲ့ LGBTQ+ တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို လတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTQ+ တွေ များစွာရှိနေပြီး အကျဉ်းထောင်အာဏာပိုင်တွေရဲ့…

ကုလားဂုတ်ကျွန်းတိုက်ပွဲ စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီး မီးရှို့ဖျက်ဆီးခံရ

ရေး၊ မေ ၄ မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်းတိုက်ပွဲအတွင်း စစ်ကူလာတဲ့ စစ်ကောင်စီကားသုံးစီးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကုလားဂုတ်ကျွန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရေ တပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ မေ ၃ ရက်နေ့…

မုပ္ပလင်ဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ကျိုက်ထို၊ မေ ၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က မေ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မုပ္ပလင်ဂိတ်ကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက…