April 2024

ထားဝယ်မှာ ရိက္ခာလာကောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦး သေဆုံး

ထားဝယ်၊ ဧပြီ ၂၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ကျောက်မဲတောင်ဗျူဟာကနေ ရိက္ခာလာကောက်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေ ဆုံးခဲ့တယ်လို့ တော်လှန် ရေးအင်အားစုတပ်ဖွဲ့တွေထံက သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ကျောက်မဲတောင်ဗျူဟာအနီးပတ်ဝန်းကျင်ကို ဧပြီ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေနဲ့ လက်နက်ခဲယမ်းနဲ့…

ပအိုဝ်းဒေသမှာ သုံးလအတွင်းအရပ်သား ၇၀ နီးပါးသေဆုံး

ဆီဆိုင်၊ဧပြီ ၂၃ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် လေးခုမှာ သုံးလအတွင်းအရပ်သား ၆၆ ဦးသေဆုံးပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဆီဆိုင်၊ပင်လောင်း၊ညောင်ရွှေနဲ့ ဟိုပုံးမြို့နယ်တွေမှာ မြို့နယ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုထားပါတယ်။ တိုက်ပွဲကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၄…

မြဝတီနဲ့ သင်္ဃန်းညီနောင်က အရပ်သားအိမ်တွေကို တော်လှန်ရေးတပ်တွေဖောက်ထွင်းနေတယ် လို့ စစ်တပ်သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊ မြဝတီနဲ့ သင်္ဃန်းညီနောင်မြို့တွေက ပြည်သူပိုင်နေအိမ်တွေကို တော်လှန်ရေး တပ်တွေ ဖောက်ထွင်းနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဟန်ငြိမ်းဦး၊မှိုင်းဝေနဲ့ စောဘမောင် စတဲ့ စစ်တပ်လော်ဘီအကောင့်တုတွေနဲ့ စစ်တပ်ပုံတင်ထားတဲ့…

ပေါက်မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးကိုလက်နက်နဲ့ အရှင်ဖမ်းမိ

ပေါက်၊ဧပြီ ၂၃ မကွေးတိုင်း၊ပေါက်မြို့နယ်ကိုဝင်လာတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို ၉ ရက်တာတိုက် ခိုက်ပြီးနောက် စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင် ပကဖက သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်ကနေ ၂၂ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ ၅ ဦး သေဆုံးကာ ၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားတာပါ။ မြိုင်မြို့နယ်…

မွန်နဲ့ပဲခူးနယ်စပ်က စစ်ဆေးရေးဂိတ်နှစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရ

ကျိုက်ထို၊ ဧပြီ ၂၃ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်ရှိ စစ်တောင်းတံတားစစ်ဆေးရေးဂိတ် နှစ်ခုကို ဒီကနေ့ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီကနေ့ မနက် ၅ နာရီကျော်အချိန်လောက်မှာ စစ်တောင်းတံတားရဲ့ ဝေါမြို့နယ်ဘက်ခြမ်း သပြေကန်စစ်ဆေးရေးဂိတ်ကို ဒရုန်းဗုံး ၆ လုံးချတိုက်ခိုက်ခဲ့သလို ကျိုက်ထိုမြို့နယ်ဘက်ခြမ်း မုပ္ပလင်ဂိတ်ကို ဗုံး…

မြဝတီတိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေ

မြဝတီ၊ ဧပြီ ၂၃ ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနိုင်ငံ မဲဆောက်ရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ KNLA…

ဒုစစ်ခေါင်းဆောင် လူမြင်ကွင်းက ပျောက်ကွယ်နေတာ ရက်ပေါင်း ၂၀ ရှိပြီ

မော်လမြိုင်၊ ဧပြီ ၂၃ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဒီကနေ့ ၂၃ ရက်နေ့အထိ ရက်ပေါင်း ၂၀ အထိ ရှိလာပြီဖြစ်ပါတယ်။ ဒုစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ပြုလုပ်တဲ့ ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်လောင်း သင်တန်းကျောင်းဆင်းပွဲ တက်ရောက်ခဲ့ပြီးနောက် ဒီကနေ့အထိ လူမြင်ကွင်းကနေ…

စစ်အာဏာသိမ်း (၁၁၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၃ AAPP ရဲ့ ဧပြီ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၇၇) ရက်အတွင်း ပြည်သူ (၄၉၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်မယ်လို့ စစ်ကောင်စီပြော

မော်လမြိုင် ၊ ဧပြီ ၂၂ မွန်ပြည်နယ်အပါအဝင်တိုင်းဒေသကြီး ၃ ခုမှာ ဧပြီနောက်ဆုံးအပတ်ကစပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုများပြားလာနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းက ထုတ်ပြန်ပါတယ်။ ဧပြီ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းက ဒေသတွေကို နိုင်ငံတော် ဓာတ်အားစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေပေးနေရာမှာ လက်ရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံမှာ စက်တွေမဝင်နိုင်သေးမီ ရွှေလီရေအားလျှပ်စစ်စက်ရုံက…

မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဒေသမှာ စစ်ရှောင်ပြည်သူ သောင်းနဲ့ချီတိုးလာ

ကျိုက်မရော ၊ ဧပြီ ၂၃ ဂျိုင်းမြစ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုကြောင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရမ္မာဝတီကားလမ်းတလျှောက်ရှိ ကျေးရွာတွေမှာ စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ တိုးလာနေတယ်လို့ စစ်ရှောင်အရေး ကူပေးနေသူတွေဆီက သိရပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေထဲမှာ ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စတဲ့ ကျေးရွာနေ အရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာ…