April 2024

အစိုးရကိုဝေဖန်ခဲ့တဲ့ သီချင်းကြောင့် အီရန်အဆိုတော်တစ်ဦး သေဒဏ်ချမှတ်ခံရ

တီဟီရန်၊ဧပြီ ၂၆ အစိုးရကို ဝေဖန်ထားတဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရပြီးနောက် ရက်ပ်အဆိုတော် Toomaj Salehiကို အီရန်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ အခြေခံတရားရုံးက Toomaj Salehi ကို အပြင်းထန်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ် လိုက်တယ်လို့ သူ့ရဲ့ရှေ့နေ အေမာရေစီယမ်က အီရန်သတင်းဌာန Shargh Daily နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာပြောခဲ့တာပါ။ အစ်ဖာဟန်မြို့အခြေစိုက် အီရန်တရားရုံးက ချမှတ်ခဲ့တဲ့…

အမေရိကန်ပေးထားတဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်း စတင်အသုံးပြုနေ

ဝါရှင်တန်၊ဧပြီ ၂၆ ရုရှားတပ်တွေကို တားဆီးဖို့အတွက် ယူကရိန်းက အမေရိကန်ပေးထားတဲ့ တာဝေးပစ်လက်နက် တွေကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့ ကန်အရာရှိတွေက အတည်ပြုပါတယ်။ အဲဒီလက်နက်တွေဟာ မတ်လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ခွင့်ပြုခဲ့တဲ့ ဒေါ်လာသန်း ၃၀၀ တန် စစ်ရေးအကူအညီမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒီလအတွင်း ယူကရိန်းကိုရောက်ရှိလာတာပါ။ အမေရိကန်မီဒီယာတွေက အဲဒီလက်နက်တွေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ပစ်မှတ်တွေကို အနည်းဆုံးတစ်ကြိမ် အသုံးပြုတိုက်ခိုက်ပြီးပြီလို့ ဖော်ပြထားပါတယ်။…

စစ်အာဏာသိမ်း (၁၁၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၃၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၆ AAPP ရဲ့ ဧပြီ ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၈၀) ရက်အတွင်း ပြည်သူ (၄၉၃၅ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ ဒုစစ်ခေါင်းဆောင် ရတခစစ်ဌာနချုပ်မှာ ဆက်ရှိနေ

မော်လမြိုင် ၊ ဧပြီ ၂၆ လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဆက်ရှိနေတယ်လို့ သံလွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ လူမြင်ကွင်းက ပျောက်ကွယ်မှုကြောင့် သတင်းအမျိုးမျိုးထွက်ပေါ်နေတဲ့ ဒုစစ်ခေါင်းဆောင်ဟာ လက်ရှိမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းက တိုက်ပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အ ရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာအထိုင်ချပြီး စစ်ဆင်ရေးညွှန်ကြားနေတယ်လို့…

ကော့ဘိန်းမှာ စစ်ကောင်စီစစ်ကြောင်းက တွေ့သမျှ ဒေသခံအမျိုးသားတွေကို ဖမ်းဆီးနှိပ်စက်နေ

ကော့ကရိတ် ၊ ဧပြီ ၂၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ကော့ဘိန်းကျေးရွာထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းမှာတွေ့သမျှ ဒေသခံအမျိုးသားတွေကို ဖမ်းဆီးကြိုးတုပ်ပြီး ရိုက်နက်နှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းရှိတဲ့ ကော့ဘိန်းကျေးရွာထဲကို ဧပြီ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်က…

ရေဖြူဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံး

ရေဖြူ၊ ဧပြီ ၂၆ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ မောရဝတီရေတပ်ဌာနချုပ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စစ်ကောင်စီဘက်က အကြောင်းကြားလာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ကံပေါက်ဒေသ ဖောင်းတောကျေးရွာနေ အသက် ၅၂ နှစ်အရွယ် ဦးဝင်းဘိုနဲ့ သားအဖ ၂ ဦးကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက…

KNU သထုံခရိုင်မှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၂၆ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်နဲ့ဘားအံမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က KNU ဘားအံမြို့နယ် ထီးနူးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့…

ပခုက္ကူနည်းပညာတက္ကသိုလ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား အသေပစ်ခတ်ဖမ်းဆီးခံရ

ပခုက္ကူ၊ဧပြီ ၂၅ မကွေးတိုင်း၊ပခုက္ကူနည်းပညာတက္ကသိုလ် ဂိတ်စခန်းမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားကို Southern YSO PDF က အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာဝန်ခံ ကိုအောင်မောင်းဆိုသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူဟာ ပခုက္ကူ GTC နဲ့ ကျောက်လှေခါး ဂိတ်မှာ ၂ နှစ်နီးပါး တာဝန်ကျခဲ့ကာ အဲဒီဂိတ်တွေမှာ မိုင်းဆင်ပေးရသူဖြစ်တယ်လို့…

ကျိုက်မရောမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

ကျိုက်မရော၊ ဧပြီ ၂၅ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့စွယ်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ ည ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ကော့စွယ်ကျေး ရွာထဲကို လက်နက်ကြီး ၃ လုံးထက်မနည်း…

ကျောက်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ

ကျောက်ကြီး၊ ဧပြီ ၂၅ ပဲခူတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ထဲကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တို့မှာ KNU ရဲ့ လယ်ဒိုမြို့နယ်ဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ထဲကို…