April 2024

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် မွန်ပြည်သစ် AD တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

ကျိုက်မရော၊ ဧပြီ ၁၁ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်မှုကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပါတီဘက်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့က ဓမ္မသကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ် AD မဟာမိတ်ပူးပေါင်းတပ်တို့ကြား ကျေးရွာအပြင်ဘက်မှာ နေ့လည် ၂…

မြဝတီမြို့မကျရေး စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းတွေ အဆက်မပြတ်ပို့ဆောင်နေ

မြဝတီ၊ ဧပြီ ၁၁ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြဝတီမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေတစ်ဆင့် လေ ယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေသလို မြေပြင်ကနေလည်း တင့်ကားတွေပါဝင်တဲ့ စစ်ကူစစ်ကြောင်းတွေ ပို့လွှတ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကရင်ပြည်နယ် မြဝတီမှာ တစ်ခုထဲသာ ကျန်ရှိနေတော့တဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို ဧပြီ ၉ ရက်နေ့ကစပြီး KNLA…

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်တပ် ဖမ်းဆီး

မော်လမြိုင် ၊ ဧပြီ ၁၀ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို ဒီကနေ့ ဧပြီ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့သပ်၊ ကော့စွယ်ကျေးရွာဘက်က စစ်ရှောင်တွေကို ဒေါက်တာ အောင်နိုင်ဦးက လူသားချင်းစာနာမှုအကူအညီတွေ…

သထုံမှာ ကျောက်တင်ရထား မိုင်းခွဲခံရ၊ စက်ခေါင်းမောင်းသူတစ်ဦး ဒဏ်ရာရ

သထုံ၊ ဧပြီ ၁၀ မွန်ပြည်နယ် သထုံမြို့နယ် တံတားဦးကျေးရွာ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ ကျောက်တင်ရထား မိုင်းခွဲခံရတာကြောင့် ရထားတိမ်းမှောက်ပြီး စက်ခေါင်းမောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီနေ့ ဧပြီ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို ခုတ်မောင်းလာတဲ့ ကျောက်တင်ရထားဟာ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ မိုင်းခွဲခံခဲ့ရတာ…

ပခုက္ကူ ခလရ ၂၅၂ က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်နဲ့ အလင်းဝင်

ပခုက္ကူ၊ဧပြီ ၁၀ မကွေးတိုင်း၊ပခုက္ကူအခြေစိုက် စစ်ကောင်စီ ခလရ ၂၅၂ တပ်က စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေစကြို Southern YSO PDF အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မနက်ပိုင်းက အသက် ၂၀ အရွယ်တပ်သား အောင်ဆန်းလင်းနဲ့ အသက် ၁၈ နှစ်အရွယ် တပ်သား အောင်သက်ပိုင်တို့ဖြစ်တယ်လို့…

အကြီးမားဆုံး ရွှေမှောင်ခိုကူးမှုကို ဟောင်ကောင် ဖမ်းဆီး

ဟောင်ကောင်၊ဧပြီ ၁၀ ဟောင်ကောင်အကောက်အခွန်ဌာနက လေဖိအားကိရိယာအစိတ်အပိုင်းတွေအဖြစ် ရုပ်ဖျက်ထားတဲ့ ရွှေမှောင်ခိုကူးမှုအဖြစ် ရွှေ ၁၄၆ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့မှာ ပြောပါတယ်။ မော်တာတွေ ဝက်အူတွေနဲ့ ဂီယာတွေလို စက်ပစ္စည်းအစိတ်အပိုင်းတွေမှာ အရည်ဖျော်သွန်းလောင်းထားတဲ့ ရွှေတွေကို ဟောင်ကောင်ကနေ ဂျပန်ပို့ဖို့ ကြိုးပမ်းချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၀ ဒသမ ၇ သန်းတန်ဖိုးရှိတယ်လို့ အကောက်အခွန်ဌာနရဲ့…

စစ်ကောင်စီ အင်အားချိနဲ့နေပြီလို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ဧပြီ ၁၀ မြန်မာအာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်အားချိနဲ့လာ တာကြောင့် ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ဖို့ အချိန်ကျရောက်နေပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က ပြောပါတယ်။ စစ်ကောင်စီဟာ စစ်မျက်နှာတွေအများကြီးဖွင့်လှစ်ထားရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဆီ နယ်မြေတွေအများကြီး လက်လွှတ်ဆုံးရှုံးထားရပါတယ်။ ဝန်ကြီးချုပ် ဆရီထာက အင်အားချိနဲ့လာတဲ့ စစ်ကောင်စီမှာ အာဏာနဲ့လက်နက်ရှိတယ်ဆိုပေ မယ့် သဘောတူညီမှုတစ်ရပ် ရယူဖို့ အချိန်ကျရောက်ပြီလို့…

စစ်အာဏာသိမ်း (၁၁၆၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၀ AAPP ရဲ့ ဧပြီ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၄) ရက်အတွင်း ပြည်သူ (၄၈၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၉၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသရွာကို စစ်ကောင်စီ ဗုံးကြဲပြန်

ကျိုက်မရော ၊ ဧပြီ ၁၀ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်တောင်ဘက်မြစ်ကမ်းနဘေးက မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဓမ္မသရွာအတွင်း လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားမှုရှိနေတဲ့အတွက် မတ် ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီက မြေပြင်ထိတွေ့ တိုက်ပွဲမဆင်နွှဲဘဲ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာပါ။…

တိုက်တိုင်းရှုံး စစ်ကောင်စီတပ် စစ်မှုထမ်းအပတ်စဉ်(၁) သင်တန်းစတင်

မော်လမြိုင် ၊ ဧပြီ ၁၀ နိုင်ငံအနှံ့တိုက်ပွဲတိုင်း တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းအပတ်စဉ်(၁) ကို သတ်မှတ်ကာလမရောက်မီမှာပဲ သင်တန်းဖွင့်လှစ်လိုက်ပြီလို့ ထုတ်ပြန်လာတာပါ။ သင်္ကြန်အပြီးမှ စစ်မှုထမ်းသင်တန်းတွေ စတင်ခေါ်ယူမယ်လို့ စစ်ကောင်စီဘက်က အတိအလင်း ကြေညာခဲ့ပေမယ့် စစ်မှုထမ်းရမယ့်သူတွေကို မတ်လနောက်ဆုံးအပတ်အတွင်း အပြီးခေါ်ယူခဲ့ပြီး ဧပြီ ၈ ရက်နေ့ကစတင်ကာ စစ်သင်တန်းကျောင်းတွေမှာ သင်တန်းစပေးနေတာပါ။…