April 2024

မြဝတီအမှတ် ၂ တံတားဘက်ကို ပြည်သူတွေမသွားဖို့ KNU သတိပေး

မြဝတီ၊ဧပြီ ၁၁ ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ မြဝတီတံတားကို ထွက်ပြေးပုန်းရှောင်နေ တာကြောင့် တံတားအနီးတဝိုက်ကို မသွားရောက်ကြဖို့ KNU က သတိပေးလိုက်ပါတယ်။ ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ KNLA ဦးဆောင်ပြီး KNDO…

ဓမ္မသကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို တော်လှန်ရေးတပ်တွေ ဖောက်ထွင်းမှုတွေရှိနေ တယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို တော်လှန်ရေး တပ်တွေ ဖောက်ထွင်းနေတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Saw Ba Maungနဲ့ ဟန်ငြိမ်းဦးစတဲ့…

ပြည်တွင်းရွှေဈေး ၄၈ သိန်းအထိ စံချိန်သစ်ထပ်တင်

မော်လမြိုင်၊ ဧပြီ ၁၁ ပြည်တွင်းရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ တိုင်းပြည်မတည်ငြိမ်မှုတွေကြောင့် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၄၈ သိန်းအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာခဲ့တယ်လို့ ရွှေလုပ်ငန်းလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁ ရက်နေ့က တစ်ကျပ်သား ကျပ် ၄၄ သိန်းဝန်းကျင်မှာသာရှိခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဧပြီ ၁၀ ရက်နေ့မှာတော့ တစ်ကျပ်သားကို…

လောင်းလုံးမှာ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး

လောင်းလုံး၊ ဧပြီ ၁၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်စခန်း စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၉ ရက် မနက် ၁၀ နာရီအချိန်ခန့်က အင်အား ၂၅ ဝန်းကျင်နဲ့ ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်စခန်းကို လောင်းလုံးပကဖအဖွဲ့က…

မြဝတီမြို့စောင့်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့  သိမ်းပိုက်

မြဝတီ၊ ဧပြီ ၁၁ ကရင်ပြည်နယ် မြ၀တီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၁၀ ရက်ညပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သလို ထွက်ပြေးနေရတာတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ် ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၉ ရက်နေ့ နေ့လည်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ…

တော်ဝင်ဥပဒေနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို စွဲချက်တင်ဖို့ ထိုင်းအစိုးရ မဆုံးဖြတ်ရသေး

ဘန်ကောက်၊ဧပြီ ၁၁ နန်းတော်ကိုစော်ကားတယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ဩဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စွဲချက်တင်ဖို့နဲ့ မတင်ဖို့ ကြားနာမှုကို ထိုင်းအစိုးရရှေ့နေချုပ်က ရွှေ့ဆိုင်းမှာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ဧပြီ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဒီအမှုကို အစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သက်ဆင်ရဲ့ ရှေ့နေ ဝင်ယက် ချာမွန်ထရီက ရိုက်တာကို ပြောခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုမပြီးဆုံးသေးတာကြောင့် နောက်ထပ်ကြားနာစစ်ဆေးမယ့် အစီအစဉ်ကို…

မြန်မာစစ်ရှောင် တစ်သိန်းအထိ လက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းအစိုးရ ပြော

ဘန်ကောက်၊ဧပြီ ၁၁ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာမယ့် စစ်ရှောင်တစ်သိန်း အထိ လက်ခံဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ထိုင်းနဲ့မြန်မာဟာ ကီလိုမီတာ ၂၄၀၀ နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာစစ်တပ်ဟာ မကြာသေးခင်လတွေက ရှုံးပွဲအလီလီနဲ့ ရင်ဆိုင်ခဲ့ရသလို နယ်မြေတွေ တပ်စခန်းတွေအများကြီးလက်လွှတ် ဆုံးရှုံးထားရတာပါ။ နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဘာဟီနူကာရာက ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားတာ…

စစ်အာဏာသိမ်း (၁၁၆၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၇၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၁ AAPP ရဲ့ ဧပြီ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၅) ရက်အတွင်း ပြည်သူ (၄၈၇၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြဝတီမြို့တိုက်ပွဲကို ဒုစစ်ခေါင်းဆောင်ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားနေ

မော်လမြိုင် ၊ ဧပြီ ၁၁ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ မကျရေးအတွက် ဒုစစ်ခေါင်းဆောင် ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒုစစ်ခေါင်းဆောင်ဟာ မြဝတီမြို့ မကျရေးအတွက် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ် ဌာနချုပ် (ရတခ) မှာ ကိုယ်တိုင်ရုံးထိုင်ပြီး စစ်ဆင်ရေးကို အဓိကကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။ ဒုစစ်ခေါင်းဆောင် ရုံးထိုင်နေတဲ့ ရတခစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့…

NUG အနေနဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ NUCC နဲ့ မတိုင်ပင်ဘဲမလုပ်ဖို့ အကြံပြုချမှတ်

ရန်ကုန် ၊ ဧပြီ ၁၁ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အနေနဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာ အမျိုးသားညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ဆွေးနွေးတိုင်ပင်မှုမရှိဘဲ မလုပ်ဖို့ ပြည်သူ့ညီလာခံကနေ အကြံပြုချမှတ်ခဲ့တယ်လို့ NUCC က ထုတ်ပြန်ပါတယ်။ နှစ်နှစ်ကျော်အကြာမှာ ပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဒုတိယကြိမ် ပြည်သူ့ညီလာခံကနေ ချမှတ်ခဲ့တဲ့ အချက် ၂၁ ချက်ထဲမှာ NUCC နဲ့ NUG…