April 2024

ရေးအခြေစိုက် ခလရ ၂၉၉ တပ်ရင်းကို တော်လှန်ရေးတပ်တွေဝင်တိုက်

ရေး၊ ဧပြီ ၁၃ မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်၂၉၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေးအခြေစိုက် ခလရ ၂၉၉ တပ်ရင်းကို ဧပြီ ၁၂ ရက်နေ့ မနက်အစောပိုင်းကစပြီး တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ခလရ ၂၉၉…

ပလမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

ပုလော၊ ဧပြီ ၁၃ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။ ဧပြီ ၁၁ ရက် ညနေ ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ပလမြို့မရဲစခန်းကို ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ T2 Special Drone Force…

မန္တလေးမှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

မန္တလေး၊ဧပြီ ၁၂ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်မှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ ရသူတွေဟာ မိသားစုဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာဖော်ပြထားပါ တယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက အသတ်ခံရတဲ့မိသားစုဝင်တွေကို ဆွေမျိုးတွေက ဖုန်းနဲ့ ဆက်သွယ်လို့မရတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး သော့ဖျက်ဝင်ရောက်ချိန်မှာ သေဆုံးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတ်ဖြတ်ခံခဲ့ရသူတွေဟာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အောင်သပြေရပ် ၁၀ လမ်း/…

တောင်ကိုရီးယားရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် အနိုင်ရ

ဆိုးလ်၊ ဧပြီ ၁၂ တောင်ကိုရီးယားရွေးကောက်ပွဲမှာ နိုင်ငံရဲ့ အငြင်းပွားစရာ နိုင်ငံရေးသမားဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် လီဂျေးမြွန်း အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာကြောင့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ ဘာမှမရှိတဲ့ အခြေအနေကနေ လူချမ်းသာဖြစ်လာခဲ့တဲ့ သူ့ရဲ့ဇာတ်လမ်းကို ပြောရင်း တောင်ကိုရီးယား နိုင်ငံရေးလောကမှာ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တဲ့…

MPT လုပ်ငန်းမှာ အရှုံးပေါ်ခဲ့တယ်လို့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီတွေ ကြေညာ

ရန်ကုန်၊ဧပြီ ၁၂ မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ သူ့ရဲ့ဌားရမ်းစရိတ်နဲ့ပတ်သက်တဲ့ သံသယဖြစ်ဖွယ် အကြွေးကျန်တွေအတွက် ငွေကြေးဈေးကွက် ကန့်သတ်မှုတွေကြောင့် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI က ဒေါ်လာ သန်း ၆၉၀ ဆုံးရှုံးမှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။ KDDI ရဲ့ မတ်လမှာ အဆုံးသတ်တဲ့ ဘဏ္ဍာရေးကာလအတွက် အသားတင်အမြတ်ခန့်မှန်းချက် ကို ယန်း ၄၅ ဘီလျံလျှော့ပြီး ပြန်ပြောင်းခန့်မှန်းထားတာပါ။…

စစ်အာဏာသိမ်း (၁၁၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၂ AAPP ရဲ့ ဧပြီ ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၆) ရက်အတွင်း ပြည်သူ (၄၈၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၁၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဂျိုင်းစစ်ဒေသကို ကြည်း၊ ရေ၊ လေတပ်တွေနဲ့ စစ်ကောင်စီ ဘာကြောင့် တန်ပြန်တိုက်ခိုက်နေလဲ

ကျိုက်မရော ၊ ဧပြီ ၁၂ ပြည်နယ်နှစ်ခုကြား ကွေ့ကောက်စွာ စီးဆင်းနေတဲ့ ဂျိုင်းမြစ်ရဲ့ တောင်ဘက် မြစ်ကမ်းနားဘေးအနီးတဝိုက်က မွန်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေနဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ မွန်နဲ့ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို လက်နက်ကိုင်မဟာ မိတ်တပ်ဖွဲ့ တွေက မတ် ၂၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အနီးတဝိုက်‌ကျေးရွာတွေကို…

မွန်ပြည်နယ်မှာ ဌာနဆိုင်ရာရုံးတွေ ဟန်ပြလောက်သာ လည်ပတ်နိုင်တော့

မော်လမြိုင် ၊ ဧပြီ ၁၂ မွန်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဌာနဆိုင်ရာရုံးအများစုဟာ အရင်လိုပုံမှန်အတိုင်း ရုံးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ ဟန်ပြလောက်သာ လည်ပတ်နေရတယ်လို့ အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း ပြည်နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအပါအဝင် စစ်ကောင်စီခန့် ဝန်ကြီးတွေ ရုံးထိုင်တဲ့ မွန်ပြည်နယ်အစိုးရရုံးကအစ ရုံးလုပ်ငန်းတွေကို ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့ဘဲ အုပ်ချုပ်ရေးကဏ္ဍတချို့…

မြဝတီမြို့စောင့်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံထဲထွက်ပြေးဖို့ ကြိုးပမ်းနေ

မြဝတီ၊ ဧပြီ ၁၁ ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ခလရ ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် ၂ တံတားမှာ ပုန်းရှောင်လျက်ရှိပြီး ထိုင်းနိုင်ငံထဲထွက်ပြေးဖို့ စီစဉ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြဝတီမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို KNLA ပူးပေါင်းအဖွဲ့က ဧပြီ ၈…

ကျိုက်မရောမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံလူငယ်တစ်ဦးဒဏ်ရာရ

ကျိုက်မရော၊ ဧပြီ ၁၂ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအရှေ့ဘက် ရော်ဘာခြံအတွင်းမှာ ဧပြီ ၁၁ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က ဒေသခံလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ တောင်ကလေးကျေးရွာနေ အသက် ၁၅ နှစ်အရွယ် ဒေသခံလူငယ် မောင်ဇင်မင်းခန့်ဟာ ရော်ဘာအစေးသွားကောက်ဖို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့်…