April 2024

မြဝတီမြို့ထံ စစ်ကူလာတဲ့ သံချပ်ကာကားအပါအဝင် စစ်ကားသုံးစီး တိုက်ခိုက်ဖျက်ဆီးခံရ

မြဝတီ၊ ဧပြီ ၂၃ ကရင်ပြည်နယ် မြဝတီမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတစ်စီးအပါအဝင် စစ်ကားအချို့ကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်နဲ့ ခဲယမ်းကျည်ဆံတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်မြို့ မြဝတီကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက “အောင်ဇေယျ”အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေပြီး သံချပ်ကာကားတွေအပြင် တပ်အင်အားအများအပြားပါဝင်တဲ့ တပ်မ ၅၅…

နွေဦးတော်လှန်ရေးကာလအတွင်း မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၂၈ ဦးကျဆုံး

ပုလော၊ ဧပြီ ၂၃ နွေဦးတော်လှန်ရေးကာလအတွင်း တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၂၈ ဦး ကျဆုံးထားတယ်လို့ အဲဒီတပ်ရင်းက ဧပြီ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်တပ်ရင်း ၁ ဟာ တပ်ရင်းစတင်တည်ထောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ တိုက်ပွဲပေါင်းအကြိမ် ၁၀၀…

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုမှန်သမျှ ပယ်ချမယ်လို့ နေတန်ယာဟု ပြော

ဂျေရုစလင်၊ ဧပြီ ၂၃ အမေရိကန်က ပေးပို့နေတဲ့အကူအညီတွေကို ရပ်တန့်ရေးစီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာပြီးနောက် မိမိတို့စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုမှန်သမျှကို ပယ်ချသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ နတ်ဇာယီဟူဒါတပ်ဖွဲ့ကို အမေရိကန်က ပစ်မှတ်ထားအရေးယူမှာ ဖြစ်တယ်လို့ Axios သတင်းဝက်ဘ်ဆိုက်က အစောပိုင်းမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ…

မော်လ်ဒိုက်ရွေးကောက်ပွဲမှာ တရုတ်လိုလားတဲ့ပါတီ အနိုင်ရ

မာလေ၊ဧပြီ ၂၃ မော်လ်ဒိုက်ရွှေးကောက်ပွဲမှာ သမ္မတမိုဟာမက်မူအီဇူရဲ့ PNC ပါတီက အမတ်နေရာ ၉၃ နေရာရှိတဲ့ လွှတ်တော်မှာ ၆၆ နေရာအနိုင်ရခဲ့တာကြောင့် သူ့ရဲ့အာဏာဆုပ်ကိုင်ထားမှုဟာ ပိုမိုခိုင်မာသွားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအနိုင်ရခဲ့တာဟာ တရုတ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ မစ္စတာ မူအီဇူရဲ့ မူဝါဒကို မော်လ်ဒိုက်ပြည်သူတွေအခိုင်အမာ ထောက်ခံကြောင်းဖော်ပြနေတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တရုတ်လိုလားသူအဖြစ် လူသိများတဲ့ မစ္စတာမူအီဇူက သူ့နိုင်ငံမှာ အိန္ဒိယရဲ့…

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီအနားပေး

နေပြည်တော်၊ဧပြီ ၂၂ အာဏာသိမ်းစစ်ကောင်စီက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်က အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီအမိန့်အမှတ် ၃၃/၂၀၂၄ နဲ့ ပုဒ်မ ၄၁၉ အရ အနားယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။ ဦးဟင်နရီဗန်ထီးယူဟာ NLD အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်မှာ မဲအရေအတွက် ၃၅၂ မဲထဲက ၇၉…

PNLO စစ်ဦးစီးချုပ်နေအိမ်ကို PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီး

ဆီဆိုင်၊ ဧပြီ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ တွေက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO စစ်ဦးစီးချုပ်နေအိမ်တွေနဲ့ ဒေသခံနေအိမ် ၆ လုံးကို ဖြိုချဖျက်ဆီးကာ မီးရှို့ခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတဲ့ PNLO ဒုတိယ…

မြဝတီမြို့ထံ စစ်ကူလာတဲ့ သံချပ်ကာကားအပါအဝင် စစ်ကားသုံးစီး တိုက်ခိုက်ဖျက်ဆီးခံရ 

မြဝတီ၊ ဧပြီ ၂၂ ကရင်ပြည်နယ် မြဝတီမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတစ်စီးအပါအဝင် စစ်ကားအချို့ကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်နဲ့ ခဲယမ်းကျည်ဆံတွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်မြို့ မြဝတီကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက “အောင်ဇေယျ”အမည်နဲ့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေပြီး သံချပ်ကာကားတွေအပြင် တပ်အင်အားအများအပြား ပါဝင်တဲ့ တပ်မ…

မြစ်ကြီးနားထောင်က ကျဆုံးနိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ဦးညွှတ်အလေးပြုတယ်လို့ PPNM အသိပေး

မော်လမြိုင်၊ဧပြီ ၂၂ ကချင်ပြည်နယ်၊မြစ်ကြီးနားထောင်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီး ဝန်ထမ်း စစ်သားနဲ့ ရဲတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ဦးညွှတ်အလေးပြုတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့ PPNM ကထုတ်ပြန်ထား ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်မှာ လွတ်မြောက်ခွင့်အတွက် တိုက်ပွဲဝင် ရင်း ဆန္ဒပြနေတာကို စစ်ကောင်စီက အင်အားသုံးပြီး ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် နိုင်ကျဉ်း…

ရခိုင်မှာ လူမျိုးရေးပဋိပက္ခပိုမိုဖြစ်ပွားအောင်စစ်ကောင်စီလုပ်ဆောင်နေတယ်လို့ NUG ပြော

မော်လမြိုင်၊ဧပြီ ၂၁ အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်နယ်မှာ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခအရှိန်မြင့်တက် လာစေဖို့ လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထား ပါတယ်။ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို အဓမ္မစစ်သားအဖြစ် စုဆောင်းပြီး စစ်သင်တန်းပို့ချကာ လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ လက်နက်တပ်ဆင်ပေးနေတယ်လို့ ဆိုထား တာပါ။ စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်တော် AA ကို ရိုဟင်ဂျာတွေက ဆန့်ကျင်နေ…

အစ္စရေးကို လက်တုန့်ပြန်မှာမဟုတ်ဘူးလို့ အီရန်ဆို

တီဟီရန်၊ဧပြီ ၂၁ အစ္စရေးတိုက်ခိုက်တာလို့ သတင်းရင်းမြစ်တွေက ပြောခဲ့တဲ့ဖြစ်ရပ်ကြောင့် အီရန်နိုင်ငံရဲ့ မြို့ တစ်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပေမယ့် အဲဒီတိုက်ခိုက်မှုကို လက်စားချေသွားဖို့အစီအစဉ် မရှိဘူးလို့ အီရန်အစိုးရက ပြောပါတယ်။ အစ္စဖာဟန်မြို့ကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေဟာ ဒရုန်းအသေးစားတွေသာဖြစ်ပြီး ထိခိုက်ပျက်စီး မှုမရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆိုထားတာပါ။ အီရန်ရဲ့ အေးဆေးစွာတုန့်ပြန်မှုကြောင့် အင်အားသုံးစစ်ပွဲမဖြစ်လာရေး သံတမန်တွေရဲ့ ကြိုးပမ်း မှုအောင်မြင်ခဲ့တယ်လို့ ဆိုနေကြပါတယ်။ အစ္စရေးအသုံးပြုသွားတဲ့…