April 22, 2024

စစ်အာဏာသိမ်း (၁၁၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၁၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၃ AAPP ရဲ့ ဧပြီ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၇၇) ရက်အတွင်း ပြည်သူ (၄၉၁၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၉၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်မယ်လို့ စစ်ကောင်စီပြော

မော်လမြိုင် ၊ ဧပြီ ၂၂ မွန်ပြည်နယ်အပါအဝင်တိုင်းဒေသကြီး ၃ ခုမှာ ဧပြီနောက်ဆုံးအပတ်ကစပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုများပြားလာနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းက ထုတ်ပြန်ပါတယ်။ ဧပြီ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းက ဒေသတွေကို နိုင်ငံတော် ဓာတ်အားစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေပေးနေရာမှာ လက်ရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံမှာ စက်တွေမဝင်နိုင်သေးမီ ရွှေလီရေအားလျှပ်စစ်စက်ရုံက…

မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဒေသမှာ စစ်ရှောင်ပြည်သူ သောင်းနဲ့ချီတိုးလာ

ကျိုက်မရော ၊ ဧပြီ ၂၃ ဂျိုင်းမြစ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုကြောင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရမ္မာဝတီကားလမ်းတလျှောက်ရှိ ကျေးရွာတွေမှာ စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ တိုးလာနေတယ်လို့ စစ်ရှောင်အရေး ကူပေးနေသူတွေဆီက သိရပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေထဲမှာ ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စတဲ့ ကျေးရွာနေ အရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာ…

မြဝတီမြို့ထံ စစ်ကူလာတဲ့ သံချပ်ကာကားအပါအဝင် စစ်ကားသုံးစီး တိုက်ခိုက်ဖျက်ဆီးခံရ

မြဝတီ၊ ဧပြီ ၂၃ ကရင်ပြည်နယ် မြဝတီမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတစ်စီးအပါအဝင် စစ်ကားအချို့ကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်နဲ့ ခဲယမ်းကျည်ဆံတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်မြို့ မြဝတီကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက “အောင်ဇေယျ”အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေပြီး သံချပ်ကာကားတွေအပြင် တပ်အင်အားအများအပြားပါဝင်တဲ့ တပ်မ ၅၅…

နွေဦးတော်လှန်ရေးကာလအတွင်း မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၂၈ ဦးကျဆုံး

ပုလော၊ ဧပြီ ၂၃ နွေဦးတော်လှန်ရေးကာလအတွင်း တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၂၈ ဦး ကျဆုံးထားတယ်လို့ အဲဒီတပ်ရင်းက ဧပြီ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်တပ်ရင်း ၁ ဟာ တပ်ရင်းစတင်တည်ထောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ တိုက်ပွဲပေါင်းအကြိမ် ၁၀၀…

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုမှန်သမျှ ပယ်ချမယ်လို့ နေတန်ယာဟု ပြော

ဂျေရုစလင်၊ ဧပြီ ၂၃ အမေရိကန်က ပေးပို့နေတဲ့အကူအညီတွေကို ရပ်တန့်ရေးစီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက် ပေါ်လာပြီးနောက် မိမိတို့စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုမှန်သမျှကို ပယ်ချသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ နတ်ဇာယီဟူဒါတပ်ဖွဲ့ကို အမေရိကန်က ပစ်မှတ်ထားအရေးယူမှာ ဖြစ်တယ်လို့ Axios သတင်းဝက်ဘ်ဆိုက်က အစောပိုင်းမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်က ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ…

မော်လ်ဒိုက်ရွေးကောက်ပွဲမှာ တရုတ်လိုလားတဲ့ပါတီ အနိုင်ရ

မာလေ၊ဧပြီ ၂၃ မော်လ်ဒိုက်ရွှေးကောက်ပွဲမှာ သမ္မတမိုဟာမက်မူအီဇူရဲ့ PNC ပါတီက အမတ်နေရာ ၉၃ နေရာရှိတဲ့ လွှတ်တော်မှာ ၆၆ နေရာအနိုင်ရခဲ့တာကြောင့် သူ့ရဲ့အာဏာဆုပ်ကိုင်ထားမှုဟာ ပိုမိုခိုင်မာသွားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအနိုင်ရခဲ့တာဟာ တရုတ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ မစ္စတာ မူအီဇူရဲ့ မူဝါဒကို မော်လ်ဒိုက်ပြည်သူတွေအခိုင်အမာ ထောက်ခံကြောင်းဖော်ပြနေတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တရုတ်လိုလားသူအဖြစ် လူသိများတဲ့ မစ္စတာမူအီဇူက သူ့နိုင်ငံမှာ အိန္ဒိယရဲ့…

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီအနားပေး

နေပြည်တော်၊ဧပြီ ၂၂ အာဏာသိမ်းစစ်ကောင်စီက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်က အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့ ဧပြီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီအမိန့်အမှတ် ၃၃/၂၀၂၄ နဲ့ ပုဒ်မ ၄၁၉ အရ အနားယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။ ဦးဟင်နရီဗန်ထီးယူဟာ NLD အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်မှာ မဲအရေအတွက် ၃၅၂ မဲထဲက ၇၉…

PNLO စစ်ဦးစီးချုပ်နေအိမ်ကို PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီး

ဆီဆိုင်၊ ဧပြီ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ တွေက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO စစ်ဦးစီးချုပ်နေအိမ်တွေနဲ့ ဒေသခံနေအိမ် ၆ လုံးကို ဖြိုချဖျက်ဆီးကာ မီးရှို့ခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတဲ့ PNLO ဒုတိယ…

မြဝတီမြို့ထံ စစ်ကူလာတဲ့ သံချပ်ကာကားအပါအဝင် စစ်ကားသုံးစီး တိုက်ခိုက်ဖျက်ဆီးခံရ 

မြဝတီ၊ ဧပြီ ၂၂ ကရင်ပြည်နယ် မြဝတီမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတစ်စီးအပါအဝင် စစ်ကားအချို့ကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်နဲ့ ခဲယမ်းကျည်ဆံတွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်မြို့ မြဝတီကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက “အောင်ဇေယျ”အမည်နဲ့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေပြီး သံချပ်ကာကားတွေအပြင် တပ်အင်အားအများအပြား ပါဝင်တဲ့ တပ်မ…