မြဝတီ၊ ဧပြီ ၂၁

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းမှာ ဧပြီ ၂၀ ရက်နေ့ တစ်နေ့လုံးနီးပါး နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ အဆက်မပြတ် ခုခံတိုက် ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂၀၀ ဝန်းကျင်ဟာ နယ်စပ်အနီး အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ပြန်လည်ဆုတ်ခွာနေထိုင်ခဲ့ပြီး တပ်ကူစစ်ကြောင်းကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ခံစစ်ပြင်ဆင်ပြီး စစ်ကူကို စောင့်ဆိုင်းနေထိုင်နေတဲ့ စစ်ကောင် စီတပ်ဖွဲ့ကို လက်နက်ချဖို့ KNLA ပူးပေါင်းဘက်က အသိပေးပြောဆိုခဲ့ရာ လိုက်နာမှုမရှိတဲ့အတွက် ဧပြီ ၁၉ ရက် ညပိုင်းကစပြီး စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၁၉ ရက် ည ၆ နာရီကျော်အချိန်ကစပြီး အမှတ် ၂ တံတားမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KN LA ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ တံတားဝင်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲတဲ့ ရုပ်သံကိုလည်း ထိုင်းနိုင်ငံဘက်က မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်တွေအရ တွေ့ရပါတယ်။

ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းကနေစပြီး အမှတ် ၂ တံတားက စစ်ကောင်စီတပ်ကို ကရင်အ မျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူနဲ့ အမှတ် ၂ တံတားဝန်းကျင်နေရာတဝိုက်ကို မနက်ခင်းကနေ မွန်းလွဲပိုင်းအထိ အကြိမ်ပေါင်းများစွာ အသုံးပြုတိုက်ခိုက်နေပြီး ဒေသနေ ပြည်သူအချို့ ထိခိုက်မှုရှိခဲ့ကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီး မီးလောင်မှုတွေ ရှိနေခဲ့တာပါ။

တိုက်ပွဲကြောင့် အမှတ် ၂ တံတားဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ ထိုင်းဘက်ခြမ်းကို ထွက် ပြေးတိမ်းရှောင်လာနေပြီး ထိုင်းဘက်ကလည်း နယ်စပ်လုံခြုံရေးကို အရင်နေ့တွေကထက် ပိုမိုတိုးမြှင့်ချထားလျက်ရှိနေတယ်လို့ သိရပါတယ်။

မြဝတီမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်ဟာ “အောင်ဇေယျအမည်”နဲ့ နိုင်ငံတော်အ ဆင့် စစ်ဆင်ရေးတစ်ရပ်အဖြစ် သံချပ်ကာနဲ့ စစ်ယာဉ်တန်းအများအပြားပါဝင်တဲ့ တပ်ကူစစ် ကြောင်းကို စေလွှတ်ထားပြီး အဲဒီစစ်ကူစစ်ကြောင်းဟာ ကျုံဒိုးနဲ့ ကော့ကရိတ်မြို့နယ်ထဲမှာသာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကူလာရောက်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNLAပူးပေါင်းအဖွဲ့က ဖြတ်တောက်တိုက် ခိုက်မှုတွေ လုပ်နေတဲ့အတွက် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ဒေါနတောင်ခြေရင်းမှာသာ ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Mae Sot Media/The Reporter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.