မော်လမြိုင်၊ဧပြီ ၂၀

ကရင်ပြည်နယ်၊မြဝတီမြို့ ထိုင်း-မြန်မာအမှတ် ၂ ချစ်ကြည်ရေးတံတားအနီးက လက်နက်မချ သေးတဲ့ စစ်ကောင်စီ ခလရ ၂၇၅ တပ်က စစ်သားတွေကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ချဖို့ တော်လှန်ရေးတပ်သားတွေဘက် က ပြောဆိုထားပေမယ့် လက်နက်မချခဲ့တဲ့အတွက် ၁၉ ရက်နေ့မှာ စတင်ပစ်ခတ်မှုတွေဖြစ်ပွားနေတာပါ။

မြဝတီမြို့နယ်ခြားစောင့်တပ်ဟာ ခလရ ၂၇၅ တပ်သားတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနေပြီး စစ်ကောင်စီကလည်း တော်လှန်ရေးတပ်တွေသိမ်းဆည်းသွားတဲ့ လက်နက်တွေကို KNU ထံက ပြန်တောင်းပေးဖို့ နယ်ခြားစောင့်တပ်ကို ဖိအားပေးပြောဆိုတာတွေရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

စစ်ကောင်စီဘက်ကလည်း မြဝတီမြို့ကို လက်နက်ကြီးနဲ့ပစ်တာနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု တွေလုပ်ဆောင်တာတွေရှိနေတဲ့အတွက် ပြည်သူတွေနေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါ တယ်။

မြဝတီမြို့ကို စစ်ကူလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်တွေက ကျုံဒိုးနဲ့ ကော့ကရိတ်ကိုဖြတ်သန်းချိန်မှာ ကြားဖြတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် စစ်ကောင်စီဘက်က အထိနာနေပါတယ်။

ထိုင်းလေတပ်က နယ်စပ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဧပြီလ ၁၉ ရက်နေ့ ထိုင်းစံတော်ချိန် နေ့လည် ၁ နာရီကစတင်ပြီး တိုက်လေယာဉ် ၂ စီးနဲ့ ကင်းလှည့်ပျံသန်းနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Bangkok Post/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.