ပူတာအို၊ ဧပြီ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာဖွင့်လှစ်ထားတဲ့ ခရိုနီဦးတေဇ ပိုင်ဆိုင်တဲ့ Malikha Lodge ဟို တယ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး တည်ခိုဆောင်တချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ဧပြီလ ၂၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံတွေ ဝိုင်းဝန်မီးငြှိမ်းသတ်ပေးခဲ့တဲ့အတွက် တည်းခိုဆောင်နှစ်ခုသာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ပျက်စီးခဲ့တဲ့ ဟိုတယ်ဟာ ပူတာအိုမြို့အနီမှာရှိတဲ့ မူလာရှီဒီကျေးရွာချောင်းဘေးမှာ တည် ရှိတဲ့ အပန်းဖြေဟိုတယ်ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဟိုတယ်မှာ သစ်လုံးအိမ် ၈ လုံးရှိပြီး ၂ လုံးခွဲမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ Malikha Lodge ဟိုတယ်ကို မီးလောင်မှုနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ခရိုနီဦးတေဇဟာ အာဏာသိမ်းစစ်ကောင်စီကို စီးပွားရေးထောက်ပံ့မှုပေးနေသူဖြစ်တယ်လို့ နိုင်ငံ တကာမှာ ဖော်ပြခံနေရသူဖြစ်ပြီး သူ့ရဲ့သားနှစ်ဦးကိုပါ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက အရေးယူပိတ်ဆို့ ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Nangseng Pong(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.