April 18, 2024

ကျူးကျော်လာရင် အစ္စရေးကို အလုံးစုံဖျက်ဆီးပစ်မယ်လို့ အီရန်သမ္မတ ခြိမ်းခြောက်

တီဟီရန်၊ဧပြီ ၁၉ အစ္စရေးက မိမိတို့နိုင်ငံကို အသေးငယ်ဆုံးကျူးကျော်မှု ပြုလုပ်ခဲ့မယ်ဆိုရင်တောင် တစ်နိုင်ငံလုံး ပျက်စီးသွားအောင် လုပ်ပစ်မယ်လို့ အီရန်သမ္မတက သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အီရန်ရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ အီရန်သမ္မတက အစ္စရေးအနေနဲ့ မိမိတို့ရဲ့ ကြီးမားပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဧပြီ ၁၇ ရက်နေ့က ပြုလုပ်တဲ့…

အမေရိကန်၊ဂျပန်တို့နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဖိလစ်ပိုင် ဆုံးဖြတ်

မနီလာ၊ဧပြီ ၁၉ အမေရိကန်၊ဂျပန်တို့နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာဟာ မိမိတို့ရဲ့အချုပ်အခြာအာဏာ ပိုင် ရွေးချယ်မှုဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၈ ရက်နေ့မှာ ပြောကြားလိုက် ပါတယ်။ ဖိလစ်ပိုင်သမ္မတ မားကိုစ်ဂျူနီယာနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ကို ဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝါရှင်တန်မှာလက်ခံတွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံမှုကို တရုတ်က ဝေဖန်ခဲ့ပြီး နောက် ဖိလစ်ပိုင်က အခုလို တုံ့ပြန်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၁၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၉၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၉ AAPP ရဲ့ ဧပြီ ၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၇၃) ရက်အတွင်း ပြည်သူ (၄၈၉၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၉၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲလိုတယ်လို့ မွန်ပြည်သစ် AD ကမ်းလှမ်း

ရေး ၊ ဧပြီ ၁၉ မွန်လူမျိုးတွေ အင်အားတစ်ခုတည်းဖြစ်ဖို့ ရည်ရွယ်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ မွန်တပ်တွေအပါအဝင်မွန်အဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ဆောင်လိုတယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD အဖွဲ့ခေါင်းဆောင် နိုင်ဇေယျက နှစ်သစ်ကူးမိန့်ခွန်းကနေ ကမ်းလှမ်းလိုက်ပါတယ်။ ပူးတွဲလုပ်ဆောင်လို့ရတဲ့နေရာမှာ ပူးတွဲလုပ်ဆောင်ကြဖို့ ၊ တူညီတဲ့အလုပ်မှာပေါင်းလုပ်ပြီး မတူညီတာကို အရင်ထားနှင့်ကာ မိမိတို့အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ မွန်ပြည်သစ်ပါတီ စစ်အာ ဏာရှင်တိုက်ဖျက်ရေး NMSP-AD…

မြဝတီမြို့ ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ် နိုင်ငံအဆင့်စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်နေ

မြဝတီ၊ ဧပြီ ၁၉ ကရင်ပြည်နယ် မြဝတီမြို့ ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်ဟာ “အောင်ဇေယျ” အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ KNLA KNDO PDF…

မွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးနှစ်ဦး ထပ်မံပစ်သတ်ခံရ

မော်လမြိုင်၊ ဧပြီ ၁၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းကို ဧပြီ ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ အမည်မသိသေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းဟာ ရင်ဘတ်၊…

ပလောက်မြို့တံတားဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ပုလော၊ ဧပြီ ၁၉ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလောက်မြို့ တံတားကြီးအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ၄ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက် နေ့လည် ၁ နာရီအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ ပလောက်မြို့…

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်ပြန်ဖမ်း

မြစ်ကြီးနား၊ဧပြီ ၁၈ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးပြီးနောက် ညနေပိုင်းမှာ ပြန်လည်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)က မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာပြီးနောက် နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးမှုမှာ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့အတူ သူ့ရဲ့အမျိုးသမီးဖြစ်သူနဲ့…

သံကလောင် ကျောင်းထိုင်ဆရာတော်ကို တော်လှန်ရေးတပ်တွေပစ်သတ်တာလို့ စစ်တပ် သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို KNU/PDF ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတာဖြစ်တယ်လို့ စစ်တပ်က သတင်းမှား ဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို နန်းငယ်နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်အုပ်စုဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်လိုဂိုအသုံးပြု…

မြဝတီမြို့သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ခံထားရ

မြဝတီ၊ ဧပြီ ၁၈ ကရင်ပြည်နယ် မြဝတီမြို့သို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ KNU ဗဟိုက ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြဝတီမြို့မှာ နောက်ဆုံး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို ပြီးခဲ့တဲ့…