ဘန်ကောက်၊ဧပြီ ၁၄

မြန်မာနယ်စပ်မှာရက်အတော်ကြာ တိုက်ပွဲဖြစ်ပြီးနောက် နယ်စပ်ဒေသကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာမျိုး လက်ခံမှာမဟုတ်ဘူးလို့ ဧပြီ ၁၂ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

တော်လှန်ရေးတပ်တွေက ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက် ကျန်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်ရင်းကနေ ဆုတ်ခွာပြီး နယ်စပ်မှာ အခြေချနေထိုင်နေတာပါ။

လက်ရှိမှာတော့ လက်နက်ကြီးနဲ့ သေနတ်ပစ်သံတွေကို ထိုင်းနယ်စပ်ကနေ ကြားနေရချိန်မှာ မြန်မာပြည်သူ အများအပြားဟာ ထိုင်ဘက်ကို ဆက်လက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဟာ ကီလိုမီတာ ၂၄၀၀ ထိစပ်နေပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ပြီးနောက် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံသူပိုမို များ ပြားနေတယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်း တိုက်ပွဲတွေကြောင့် ထိုင်းအစိုးရဟာ စိုးရိမ်မှုတွေရှိနေပြီး နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီဟာ နယ်စပ်ကိုသွားရောက်ခဲ့ပါသေးတယ်။

ပမ်ပရီက နယ်စပ်တလျှောက်မှာ ကျွန်တော်တို့ စစ်သားတွေစောင့်ကြပ်နေတယ်။ကျွန်တော်တို့ ကာကွယ်ဖို့ အသင့်ရှိကြောင်း ပြသထားတယ်။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ဘယ်သူ့ ကိုမှ ချိုးဖောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းမြေကို ကျုးကျော်ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့သလို ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီတိုက်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ချိုးဖောက်ဝင်ရောက်ခဲ့တဲ့ အတွက် ထိုင်းလေတပ်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရပါသေးတယ်။

ထိုင်းဝန်ကြီးချုပ် ဆရီထာကလည်း ကျွန်တော်တို့ စစ်ဦးစီးချုပ်နဲ့ ပြောဆိုပြီးပါပြီ ကျွန်တော်တို့ လေပိုင်နက်ကို ချိုးဖောက်တာ လက်သင့်ခံမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.