မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်၊ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်းမှာ မွန်တော်လှန်ရေးတပ်တွက ခရီးသွား ကားတွေဆီက ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို Saw Ba Maung နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်အုပ်စုလိုဂို ပရိုဖိုင်နဲ့ အကောင့်တုတွေက ဧပြီလ ၈ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေလာတာပါ။

မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ် သတင်းဌာနမှာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစပြီး တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့တွေက စိုးမိုးနေရာယူ ထားပြီး ပြည်သူတွေရဲ့ လုံခြုံရေးစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။

ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် ၈ ပြည်ထောင်စုလမ်း မှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးစစ်ဆေးနေတဲ့ ဓာတ်ပုံတွေကို မွန်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချာင်းအထိ ပူးပေါင်းတပ်တွေက နယ်မြေစိုးမိုးမှုနဲ့ လမ်းကြောင်း စစ်ဆေးမှုတွေကို ထိရောက်စာ ထိန်းချုပ်လိုက်တဲ့အတွက် စစ်ကောင်စီဘက်က ကုန်းလမ်းပိုင်းသွားလာမှု ရပ်တန့်သွားပြီလို့ MSRF ကိုမေးမြန်မးပြီး KIC သတင်းဌာနက ရေးသားထားပါတယ်။ 

သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid02ZuLzVq5cTwTaM71vQiJeUD3c7aFUxh17CfN68DL4NmTXHbaKees6ZHMFTuCZqdVAl&id=100077424451291&mibextid=Nif5oz

MSRFရဲ့ထုတ်ပြန်ချက်လင့်

https://m.facebook.com/story.php?story_fbid=pfbid037zBDYKeanyVdzBPUn5BpukNJLFQG4iiJ7iLpT99LpWTuvdXC17qmVuUAMRuQ5mKWl&id=100080978918730&mibextid=Nif5oz

KICသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid02H3Ugs9Bbr1isnZ7H8yo2ChBJLz4G43w3Pm7Q75p5vMTroPWUf3FMi4yFPCWfAU4fl&id=100064406626483&mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.