April 9, 2024

အကြီးမားဆုံး ရွှေမှောင်ခိုကူးမှုကို ဟောင်ကောင် ဖမ်းဆီး

ဟောင်ကောင်၊ဧပြီ ၁၀ ဟောင်ကောင်အကောက်အခွန်ဌာနက လေဖိအားကိရိယာအစိတ်အပိုင်းတွေအဖြစ် ရုပ်ဖျက်ထားတဲ့ ရွှေမှောင်ခိုကူးမှုအဖြစ် ရွှေ ၁၄၆ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့မှာ ပြောပါတယ်။ မော်တာတွေ ဝက်အူတွေနဲ့ ဂီယာတွေလို စက်ပစ္စည်းအစိတ်အပိုင်းတွေမှာ အရည်ဖျော်သွန်းလောင်းထားတဲ့ ရွှေတွေကို ဟောင်ကောင်ကနေ ဂျပန်ပို့ဖို့ ကြိုးပမ်းချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၀ ဒသမ ၇ သန်းတန်ဖိုးရှိတယ်လို့ အကောက်အခွန်ဌာနရဲ့…

စစ်ကောင်စီ အင်အားချိနဲ့နေပြီလို့ ထိုင်းဝန်ကြီးချုပ် ပြော

ဘန်ကောက်၊ဧပြီ ၁၀ မြန်မာအာဏာသိမ်းစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်အားချိနဲ့လာ တာကြောင့် ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ဖို့ အချိန်ကျရောက်နေပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က ပြောပါတယ်။ စစ်ကောင်စီဟာ စစ်မျက်နှာတွေအများကြီးဖွင့်လှစ်ထားရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဆီ နယ်မြေတွေအများကြီး လက်လွှတ်ဆုံးရှုံးထားရပါတယ်။ ဝန်ကြီးချုပ် ဆရီထာက အင်အားချိနဲ့လာတဲ့ စစ်ကောင်စီမှာ အာဏာနဲ့လက်နက်ရှိတယ်ဆိုပေ မယ့် သဘောတူညီမှုတစ်ရပ် ရယူဖို့ အချိန်ကျရောက်ပြီလို့…

စစ်အာဏာသိမ်း (၁၁၆၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၈၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၁၀ AAPP ရဲ့ ဧပြီ ၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၆၄) ရက်အတွင်း ပြည်သူ (၄၈၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၄၉၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသရွာကို စစ်ကောင်စီ ဗုံးကြဲပြန်

ကျိုက်မရော ၊ ဧပြီ ၁၀ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်တောင်ဘက်မြစ်ကမ်းနဘေးက မီးလောင်ပြာကျခဲ့ရတဲ့ ဓမ္မသရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဓမ္မသရွာအတွင်း လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားမှုရှိနေတဲ့အတွက် မတ် ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီက မြေပြင်ထိတွေ့ တိုက်ပွဲမဆင်နွှဲဘဲ လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာပါ။…

တိုက်တိုင်းရှုံး စစ်ကောင်စီတပ် စစ်မှုထမ်းအပတ်စဉ်(၁) သင်တန်းစတင်

မော်လမြိုင် ၊ ဧပြီ ၁၀ နိုင်ငံအနှံ့တိုက်ပွဲတိုင်း တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းအပတ်စဉ်(၁) ကို သတ်မှတ်ကာလမရောက်မီမှာပဲ သင်တန်းဖွင့်လှစ်လိုက်ပြီလို့ ထုတ်ပြန်လာတာပါ။ သင်္ကြန်အပြီးမှ စစ်မှုထမ်းသင်တန်းတွေ စတင်ခေါ်ယူမယ်လို့ စစ်ကောင်စီဘက်က အတိအလင်း ကြေညာခဲ့ပေမယ့် စစ်မှုထမ်းရမယ့်သူတွေကို မတ်လနောက်ဆုံးအပတ်အတွင်း အပြီးခေါ်ယူခဲ့ပြီး ဧပြီ ၈ ရက်နေ့ကစတင်ကာ စစ်သင်တန်းကျောင်းတွေမှာ သင်တန်းစပေးနေတာပါ။…

လက်နက်ချအညံ့မခံတဲ့ မြဝတီမြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ စတင်တိုက်ခိုက်

မြဝတီ၊ ဧပြီ ၁၀ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ထဲမှာ တစ်ခုထဲကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို ဧပြီ ၉ ရက် နေ့လည်ပိုင်းအချိန်ကစပြီးKNLA တော်လှန်ရေးပူး ပေါင်းအဖွဲ့က စတင်တိုက်ခိုက်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝိုင်းရံပိတ်ဆို့ထားတဲ့ မြဝတီမြို့ အခြေစိုက် စစ်ကောင်စီ ခလ ရ ၂၇၅…

လောင်းလုံးလဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

လောင်းလုံး၊ ဧပြီ ၁၀ တနင်္သာရီတိုင်း လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်‌ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ဧပြီ ၈ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာ အင်အား ၁၀ ဦးဝန်းကျင်နဲ့ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို…

ရေး-ထားဝယ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေ ဆက်ကြေးကောက်နေတယ်လို့ သတင်းမှား ဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်းမှာ မွန်တော်လှန်ရေးတပ်တွက ခရီးသွား ကားတွေဆီက ဆက်ကြေးကောက်နေတယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်နေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Saw Ba Maung နဲ့ ဟန်ငြိမ်းဦးစတဲ့…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး

ကျောက်ကြီး၊ ဧပြီ ၉ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က ကုန်းကျောင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၃၀၇ တပ်ကနေ တိုက်ပွဲမရှိဘဲ ဘုရားကြီးကျေးရွာထဲ ၁၅၅ မမ…

နိုင်ငံရေးအကျဉ်းသား ၆ ဦး ထောင်ပြင်ထုတ် သတ်ဖြတ်ခံရ

မော်လမြိုင်၊ ဧပြီ ၉ နိုင်ငံတဝန်းက အကျဉ်းထောင်တချို့မှာ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က မတ် ၃၁ ရက်နေ့အထိ သုံးလအတွင်း နိုင်ငံရေးအကျဉ်းသား ၆ ဦး ထောင်ပြင်ထုတ် ဥပဒေမဲ့သတ်ဖြတ်ခံလိုက်ရတယ်လို့ မြန် မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အကျဉ်းဦး…