မင်္ဂလာပါရှင်


သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေကို ပေါ်တာဆွဲနေ တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။ 

ဒီအကြောင်းကို Ye Ba Nyein၊Kyaw Swar၊Truth Media၊မှိုင်းဝေနဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်တပ် ဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်ပလိုဖိုင်တင်ထားတဲ့ အကောင့်တုတွေက ဧပြီလ ၅ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေနေတာပါ။ 

လွတ်လပ်တဲ့သတင်းဌာနဖြစ်တဲ့ မဇ္ဈိမမှာတော့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက ဒေသခံ ၂၀ ဝန်းကျင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားပါတယ်။

ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ သံလွင်တိုင်းမ် သတင်းဌာနမှာတော့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက မတ်လ ၂၅ ရက်နေ့တည်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ 

ဂဠုန်စစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကိုသာ ဖမ်းဆီးထိန်းသိမ်းထားတာသာရှိပြီး စစ်ဥပဒေ နဲ့ အညီမိသားစုဝင်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးစောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။

မဇ္ဈိမသတင်းဌာနဖော်ပြထားတဲ့ သတင်း 

https://m.facebook.com/story.php?story_fbid=pfbid0jAmV1SUK3jDzoj6woY3L4XRfhu51JfFcfGJJ493J3oHwyZt5K1BBd34Q5fMoJkmYl&id=100067928020493&mibextid=Nif5oz

သံလွင်တိုင်းမ် သတင်းဌာန ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid0JXY1gMtsK2wtomLEC7twVg1Bt9jzh7zRP1Ty3AWL5kbQ5qXnfK2qL6ZvPkZ9yFjhl&id=100077424451291&mibextid=Nif5oz

ဂဠုန်စစ်ကြောင်းရဲ့သတင်းထုတ်ပြန်ချက် 

https://fb.watch/rgtbIXbHBS/?mibextid=Nif5oz

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.