ဆီးရီးယားအခြေစိုက် သံရုံးတိုက်ခိုက်မှု အစ္စရေးလက်ချက်လို့ အီရန် စွပ်စွဲ
တီဟီရန်၊ ဧပြီ ၃ အကြီးတန်း တပ်မှူး ၃ ဦးအပါအဝင် စစ်ဘက်ဆိုင်ရာအကြံပေးအရာရှိ ၇ ဦးသေဆုံးခဲ့တဲ့ ဆီးရီးယားအခြေခံ အီရန်သံရုံးတိုက်ခိုက်ခံရမှုဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့ အီရန် အစိုးရက စွပ်စွဲလိုက်ပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေလို့ ထင်မှတ်ရတဲ့ တိုက်လေယာဉ်တွေဟာ အီရန်သံရုံးကိုတိုက်ခိုက် ခဲ့တဲ့အတွက် အစ္စရေးနဲ့ သူ့ရဲ့ဒေသတွင်းရန်သူတွေကြား တိုက်ခိုက်မှုအရှိန်ပိုမြင့်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒမက်စကပ်မြို့ မီဇာဒေသရှိ သံရုံးဝင်းတစ်ခုအတွင်း အီရန်သံရုံးအဓိက…