March 2024

ရုရှားရွေးကောက်ပွဲမှာ ပူတင် အပြတ်အသတ်အနိုင်ရ

မော်စကို၊ မတ် ၁၉ ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပဉ္စမမြောက် ရာထူးသက်တမ်းအတွက် မဲ ၈၇ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် သမ္မတ ဗလာဒီမာ ပူတင်က မိမိတို့ ရွေးကောက်ပွဲဟာ အနောက်တိုင်းရွေးကောက်ပွဲတွေထက် ပိုမိုပွင့်လင်းမြင်သာရှိတယ်လို့ ပြောပါတယ်။ အနိုင်ရဖို့ ရာနှုန်းပြည့်နီးပါး သေချာနေတဲ့ ရွေးကောက်ပွဲမှာ ပူတင်ဟာ ကရင်မလင်နန်းတော်က ခွင့်ပြုခဲ့တဲ့ တခြားကိုယ်စားလှယ်လောင်း သုံးဦးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။…

သထုံမှာ ကျောက်တင်ရထားတစ်စီး မိုင်းခွဲခံရ

သထုံ၊ မတ် ၁၈ မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအနီးရှိ ပေါင်းကူးတံတားမှာ ဒီနေ့ မတ် ၁၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကျောက်တင်ရထားတစ်စီး မိုင်းခွဲခံရလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ ထွက်ခွာလာတဲ့ ကျောက်တင်ရထားဟာ ရထားလမ်းချောင်းကူး တံတားပေါ်အရောက်မှာ မိုင်းခွဲခံလိုက်ရတာ ဖြစ်ပါတယ်။ မိုင်းခွဲခံရတာကြောင့် အရှည်ပေ ၂၀…

ရသေ့တောင်မြို့ကို AA သိမ်းပိုက်၊ သိမ်းပိုက်ထားတဲ့ မြို့ ၉ မြို့အထိ ရှိလာ

ရသေ့တောင်၊ မတ် ၁၈ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။ ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တပ်ရင်းတွေကို AA က မတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ…

စစ်မှုထမ်းတိမ်းရှောင်သူတွေကို တရားခံပြေးအဖြစ် အရေးယူမယ်လို့ စစ်ကောင်စီ ပြော

မော်လမြိုင် ၊ မတ် ၁၇ စစ်မှုထမ်းဆောင်ရမယ့် အသက်အရွယ်မှာ ကျုံးဝင်တဲ့ လူငယ်တွေအနေနဲ့ အကြောင်းပြချက် မခိုင်လုံဘဲ စစ်မှုမထမ်းဖို့ တိမ်းရှောင်ပါက တရားခံပြေးအဖြစ် သတ်မှတ်အရေးယူသွားမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာပါတယ်။ အိမ်ထောင်စုစာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးဟာ နေအိမ်မှာ မရှိပါက ကျန်ရှိတဲ့ မိဘအုပ်ထိန်းသူ ဒါမှမဟုတ် ဆွေးမျိုးသားချင်း တစ်ဦးဦးက ခိုင်လုံတဲ့ အကြောင်းပြချက် ပေးရမယ်လို့…

မွန်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေ သတိပေး

မော်လမြိုင် ၊ မတ် ၁၇ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် နိုင်ငံအနှံ့ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲ တွေနဲ့အတူ မွန်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူလူထု တွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့ တော်လှန်‌ရေးအဖွဲ့တွေက မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကချင်၊ ကရင်နီ၊ ရခိုင်နဲ့ ကရင်ဒေသတွင်းက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် မဆုတ်တမ်းခံတပ်စခန်းတွေ တပ်ရင်းဌာနချုပ်တွေ ဗျူဟာကုန်းတွေ…

ကော်သူးလေတပ်မတော်ရဲ့ စစ်သင်တန်းကွင်း ဗုံးကြဲတိုက်ခိုက်ခံရ

တနင်္သာရီ၊ မတ် ၁၆ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း မောတောင်မြို့အနီးက ကော်သူးလေတပ်မတော် KTLA စစ်သင်တန်းကွင်းကို စစ်ကောင်စီဘက် လေယာဉ်နဲ့လာရောက် ဗုံးကြဲသွားတယ်လို့ တောင်ပိုင်းညီနောင်တပ်ပေါင်းစု SBA စစ်ကြောင်းထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဒေသအခေါ် နေကျော်ဒေသနဲ့ ဆက်စပ်နေတဲ့ KTLA စစ်သင်တန်းကွင်းကို စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်…

လေတပ်စစ်ရေး လေ့ကျင့်မှုတွေ ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်

ပြုံယမ်း၊ မတ် ၁၇ မြောက်ကိုရီးယား လေတပ်စစ်ရေး လေ့ကျင့်မှုတွေကို ခေါင်းဆောင် ကျင်ဂျုံအန်က ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး စစ်ပွဲအတွက် လက်တွေ့ကျကျကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြထားပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာပါ။ စစ်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ လက်တွေ့…

ရုရှားထံ ပဲထိန်းဒုံးကျည်တွေမပေးဖို့ အီရန်ကို G7 သတိပေး

တီဟီရန် ၊ မတ် ၁၇ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားထံ ပဲ့ထိန်းဒုံးကျည်တွေမပေးပို့ဖို့အတွက် အီရန်နိုင်ငံကို G7 အဖွဲ့ဝင်နိုင်ငံတွေက သတိပေးလိုက်ပြီး ပေးပို့ခဲ့မယ်ဆိုပါက အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ ဒါမှမဟုတ် ဆက်စပ်နည်းပညာတွေကို ရုရှားဆီပေးပို့ခဲ့မယ်ဆိုပါက အီရန်ကို သိသာတဲ့ အရေးယူမှုအသစ်တွေအပါအဝင် အလျင်အမြန် တုံ့ပြန်ရေး ပြင်ဆင်ထားတယ်လို့ G7 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန်က…

စစ်ကောင်စီက ပွင့်ဖြူနဲ့ စေတုတ္တရာမှာ တစ်အိမ်တက်တစ်အိမ်ဆင်း လူသစ်စုဖို့ ကြိုးပမ်းနေ

ပွင့်ဖြူ – မတ် ၁၆ မကွေးတိုင်း၊ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တစ်အိမ်တက် တစ်အိမ်ဆင်း လူသစ်စုဆောင်းဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီအရာရှိတွေကိုယ်တိုင် နေအိမ်တွေအထိသွားရောက်ပြီး ပြည်သူ့စစ်အတွက် ခေါ်ဆောင်တာတွေလုပ်ဆောင်နေတာပါ။ ပွင့်ဖြူမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ကျေးရွာတွေမှာ နေ့စဉ်နီးပါး လိုက်လံစည်းရုံးမှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က စစ်မှုထမ်းဖို့အတွက်လာရှင်းပြရင်းနဲ့ ပြည်သူ့စစ်အကြောင်းပါပြောတာ၊ စစ်မှုထမ်းက…

ရန်ကုန်က စစ်မှုထမ်းဖို့ပထမအဆင့်ရွေးချယ်ခံရတဲ့ လူငယ်တွေ မဲနှိုက်ရတော့မယ်

ရန်ကုန် – မတ် ၁၅ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းက အသက်ကန့်သတ်ချက် အကျုံးဝင်တဲ့ လူငယ်တွေကို အုပ်ချုပ်ရေးမှူးက တဆင့် စစ်မှုထမ်းဖို့ ရွေးချယ်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရွေးချယ်လိုက်တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက် အတွင်းက လမ်းတစ်လမ်းကို အမျိုးသား ၄ ဦးစီရွေးချယ်ထားကာ…