ရေဦး – မတ် ၂၃

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် ချောင်းရိုးရွာအနီးမှာ စစ်ကောင်စီ ခမရ ၃၆၁ တပ်နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရေဦး PDF က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က အင်အား ၁၂၀ ပါ စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF မှ Fixed Wings Drone ၃ စင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ တန့်ဆည်မြို့က ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ရေဦးမြို့နယ် ချောင်းရိုးရွာ အနောက်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးရှိနိုင် ပြီး အသေးစိတ်ကို ထပ်မံစုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရေဦး PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.