ရေဖြူ၊ မတ် ၂၃

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာရှိ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မတ် ၂၃ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

တပ်အင်အား ၇၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်က စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၇ နာရီခွဲအချိန်ခန့်မှာ စ ခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က မီးရှိုးဖျက်ဆီးခဲ့ပြီး စစ်အသုံးဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒေါနစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ မင်းသားကျေးရွာဟာ ပျူစောထီးကျေးရွာတစ်ခုဖြစ်ပြီး စစ် မှုထမ်းဖို့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေတဲ့အတွက် ဝင်ရောက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးပြီးနောက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ မွန်ပြည်နယ်နဲ့ တနင်္သာ ရီနယ်စပ်ရှိ စစ်ကောင်စီရဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မလွှဲတောင်ဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂိတ်ကိုပိတ်ချပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ထိခိုက်သေဆုံးမှု ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ် ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃)၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) ဒေါနတပ်ခွဲ(၄)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) ဒေါနတပ်ခွဲ(၇)၊ ရေးသိမ်းငှက်တပ်ဖွဲ့၊ Ye Defense Force (YDF)၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊Ye Air Force (YAF)နဲ့ ထားဝယ်ခရိုင် တပ်ရင်း(၁) တို့က ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSRF/ Dawna

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.