မော်စကို၊ မတ် ၂၄

ရုရှားနိုင်ငံ မော်စကိုမြို့ဆင်ခြေဖုံးအရပ်မှာရှိတဲ့ ဖျော်ဖြေရေးခန်းမကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ ထက်မနည်း သေဆုံးပြီး ၁၄၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ခရိုးကပ်စ်မြို့တော်ခန်းမဟာ ၂၀၁၃ ခုနှစ်က အမေရိကန်အလှမယ် ပြိုင်ပွဲအပါအဝင် နာမည်ကျော် အခမ်းအနားတွေကို ကျင်းပရာ ဖျော်ဖြေရေးခန်းမ ဖြစ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့ကပြောထားတာဟာ ယုံကြည်ရ လောက်တဲ့ ပြောဆိုမှုဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးက ပြောထားပေမယ့် ရုရှားက တော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးသေးဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါ တယ်။

ဒီလိုတိုက်ခိုက်မှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ အမေရိကန်ထောက်လှမ်းရေးက ရုရှားကို ကြိုတင်သတိပေးခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ရုရှားကို အိုင်အက်စ်အဖွဲ့က အရင်ကလည်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်က အီဂျစ် ဆိုင်းနိုင်းကျွန်းဆွယ်အပေါ်မှာ ရုရှားလေယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး ရုရှားနိုင်ငံသား အများစု အပါအဝင် ၂၂၄ ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်ကလည်း စိန့်ပီတာစဘတ်မြို့က မြေအောက်ရထားဗုံးခွဲတိုက်ခိုက်ခံရပြီး လူ ၁၅ ဦးသေဆုံးမှုဟာလည်း အိုင်အက်စ်အဖွဲ့ရဲ့ လက်နက်ဖြစ်တယ်လို့ ဆိုပါတယ်။

မော်စကိုမြို့ ဖျော်ဖြေရေး ခန်းမတိုက်ခိုက်မှုဟာ အိုင်အက်စ်အဖွဲ့လက်ချက်ဖြစ်တယ်လို့ အဲဒီအဖွဲ့နဲ့ ဆက်စပ်တဲ့ သတင်းဌာနတစ်ခုက တယ်လီဂရမ်မှာ မတ် ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။

ဂီတဖျော်ဖြေရေး ခန်းမနဲ့ ဈေးဝယ်စင်တာလည်းရှိတဲ့ ကြီးမားတဲ့ အဆောက်အအဦးမှာ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်သမားတွေက အော်တိုရိုင်ဖယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်ဗစ်ဗုံးအပါအဝင် မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။

ဒဏ်ရာရရှိသူ ၁၄၅ ဦးထဲက အသက်အန္တရာယ်စိုးရိမ်ရသူ ၆၀ ကျော်လောက်ပါဝင်နေတဲ့အတွက် သေဆုံးသူ ပိုများလာနိုင်တယ်လို့လည်း အာဏာပိုင်တွေက အသိပေးထားပါတယ်။

ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုမှာ မိမိတို့ပါဝင် ပတ်သက်မှုမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ 

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.