ဘီးလင်း၊ မတ် ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ် သား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ် ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ရွှေေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားကားတစ်စီး ကြားညှပ်ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူ အညီနဲ့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ရန်ကုန်-မော်လမြိုင်ကားလမ်း တစ်နာရီကျော်ကြာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး မနက် ၁၁ နာရီ အချိန်ခန့်မှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ ဒေသခံတွေထံက သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပေမယ့် နှစ်ဖက်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဘီးလင်းမြို့နယ် ရန်ကုန် – မော်လမြိုင်ကားလမ်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးအင်အားစုတို့ကြား မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အ ရပ်သားသေဆုံးမှုတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Ko Zaw Fb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.