ရေး၊ မတ် ၂၃

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသူတွေကို တွေ့တဲ့နေ ရာမှာ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ ဒေါနစစ်ကြောင်း သတိပေးထုတ်ပြန်လိုက်ပါတယ်။

မတ် ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒေါနစစ်ကြောင်းရဲ့ သတိပေးစာအရ ရေးမြို့နဲ့ ထားဝယ်မြို့အတွင်း နေထိုင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအနေနဲ့ စစ်မှုထမ်းဖို့ အတင်းအ ကြပ် လူသစ်စုဆောင်းတာ ဆက်မလုပ်ကြဖို့ တားမြစ်တာပါ။

သတိပေးတားမြစ်ချက်အား ဆက်လက်ဆောင်ရွက်နေပါက တွေ့ရှိတဲ့ နေရာမှာ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ဒေါနစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူး စောဒါးကို လက်မှတ်ရေးထိုးပြီး အပြင်းအထန် သ တိပေးထားတာ ဖြစ်ပါတယ်။

ဒေါနစစ်ကြောင်းဟာ မွန်ပြည်နယ်နဲ့ တနင်္သာတိုင်းတို့မှာ စစ်ရေးလှုပ်ရှားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ စစ်ကြောင်းတစ်ခု ဖြစ်သလို စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာပါ။

အလားတူ ကျိုက်ထိုအခြေစိုက် ကျိုက်ထိုတော်လှန်ရေးအင်အားစု KFR တပ်ဖွဲ့ကလည်း စစ်မှုထမ်းခိုင်းတဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ မတ် ၁၇ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ကလည်း လူငယ်လူရွယ်တွေကို စစ်ကောင်စီထံ စစ်မှုထမ်းဖို့ ပို့ဆောင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.