တီဟီရန် ၊ မတ် ၁၇

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားထံ ပဲ့ထိန်းဒုံးကျည်တွေမပေးပို့ဖို့အတွက် အီရန်နိုင်ငံကို G7 အဖွဲ့ဝင်နိုင်ငံတွေက သတိပေးလိုက်ပြီး ပေးပို့ခဲ့မယ်ဆိုပါက အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေ ဒါမှမဟုတ် ဆက်စပ်နည်းပညာတွေကို ရုရှားဆီပေးပို့ခဲ့မယ်ဆိုပါက အီရန်ကို သိသာတဲ့ အရေးယူမှုအသစ်တွေအပါအဝင် အလျင်အမြန် တုံ့ပြန်ရေး ပြင်ဆင်ထားတယ်လို့ G7 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီရန်က ရုရှားထံ ဝေဟင်ပစ်ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့ထားတယ်လို့ သတင်းရင်းမြစ်တွေကလည်း ရိုက်တာကို ပြီးခဲ့တဲ့လက ပြောထားပါတယ်။

အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပေမယ့် နှစ်နိုင်ငံလုံးဟာ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

G7 ကြေညာချက်မှာ အီရန်ဒုံးကျည်တွေကို ရုရှားက လက်ခံရရှိထားပြီးဖြစ်တယ်လို့ ယုံကြည် သလားဆိုတာကို ဖော်ပြမထားဘဲ ပေးပို့နိုင်ခြေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဆက်စပ်နည်းပညာတွေ ပေးပို့ဖို့စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မိမိတို့ အရမ်းစိုးရိမ်မိတယ်လို့ အသိပေးထားပါတယ်။

ရုရှားရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဒရုန်းတွေကို အီရန်က ပေးပို့ထားပြီးဖြစ်တယ်လို့လည်း G7 က ဆိုပါတယ်။

အီရန်ကို ရုရှားထံလက်နက်ထောက်ပံ့မှုတွေအတွက် အရေးယူဖို့ ဥရောပသမဂ္ဂ အီးယူက စဉ်းစားနေချိန်မှာ G7 ရဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။

G7 အဖွဲ့မှာ အမေရိကန်၊ဗြိတိန်၊ပြင်သစ်၊ ဂျာမနီ၊အီတလီ၊ကနေဒါနဲ့ ဂျပန်တို့ပါဝင်ပြီး လက်ရှိ ဥက္ကဋ္ဌအဖြစ် အီတလီက တာဝန်ယူထားတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.