ရန်ကုန် – မတ် ၁၅

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်တိုင်းအတွင်းက အသက်ကန့်သတ်ချက် အကျုံးဝင်တဲ့ လူငယ်တွေကို အုပ်ချုပ်ရေးမှူးက တဆင့် စစ်မှုထမ်းဖို့ ရွေးချယ်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရွေးချယ်လိုက်တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက် အတွင်းက လမ်းတစ်လမ်းကို အမျိုးသား ၄ ဦးစီရွေးချယ်ထားကာ အဲဒီထဲက မဲနှိုက်ရွေးချယ် မှာဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမှီသလောက် စုစည်းထားတဲ့ အချက်အလက်တွေအရ ဒေါပုံမြို့နယ်၊ ဗဟန်းမြို့နယ်၊သာကေတမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေက ပထမအဆင့် ရွေးချယ်ခံရသူ တွေရဲ့ အုပ်ထိန်းသူတွေကို အစည်းအဝေးခေါ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆင့်ခေါ်တဲ့ အစည်းအဝေးကို ကိုယ်တိုင် တက်ရောက် ခဲ့သူတစ်ဦးကတော့ အစည်းအဝေးအတွင်းသူသိခဲ့ရတာတွေကို အခုလိုပြောပါတယ်။

“အခုက အတည်မဟုတ်သေးဘူး။ မဲနှိုက်ပြီး ထပ်ရွေးမယ်လို့ပြောတယ်။ရက်အတိအကျ တော့ပြန်မပြောပါဘူး။လိုင်းပေါ်မှာ လစာကိစ္စတွေဘာတွေပြောနေပေမယ့် အစည်းအဝေး မှာတော့အဲ့တာကိုပြောတဲ့အသံမကြားမိဘူး။အခုအစည်းအဝေးကလည်း လမ်းထဲက အသက် ပြည့်တဲ့ ယောကျာ်းလေးတိုင်းကိုခေါ်တာမဟုတ်ဘူး။သူတို့ဘယ်လိုရွေးလိုက်တာလဲဆိုတာတော့ ကျွန်မတို့မသိရဘူး။အစည်းအဝေးကပြန်တော့ငိုတဲ့အမေတွေကလည်းငိုကြတာပေါ့”လို့သူက ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရွေးချယ်ခံထားရသူတွေကို သင်တန်း သားအဆင့်မှာတင် လစာအဖြစ် ၄၇၀၀၀၀ ပေးအပ်သွားဖို့ရှိနေတယ်လို့ ရေးသားတာတွေရှိနေ ပေမယ့် အတည်မပြုနိုင်သေးပါဘူး။

ဒေါပုံမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ရွေးချယ်ထားသူနှစ်ဦးဟာ အိမ်ထောင်စုအမှား အယွင်းကြောင့် ယာယီပြန်လည်ကင်းလွှတ်ခွင့်ရထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” သူတို့က ဒီရပ်ကွက်မှာ နေပေမယ့် သူတို့ရဲ့အိမ်ထောင်စုက ဒီမှာမပါဘူး။သူတို့ရွာကစာရင်း ထဲမှာပဲရှိသေးတယ်။မနေ့က သူတို့အရွေးခံရတော့ အုပ်ချုပ်ရေးမှူးကိုအဲ့တာသွားတင်ပြတယ်။ သူတို့ကို ရွာဘက်ကနေပဲခေါ်ခွင့်ရှိတယ်ဆိုတော့ အခုခေါ်တာတော့လွတ်သွားတယ်”လို့သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကမှ အသက်ဝင်တယ်လို့ အမိန့်ထုတ်ပြန်ထားတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေအတွက် ၁ လကျော်အတွင်းမှာပဲ နည်းဥပဒေ(တတိယမူကြမ်း) အဆင့်ထိ ရေးဆွဲ ထားပြီးပြီလို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ ပြဌာန်းဥပဒေတွေကို အကောင်အထည်ဖော်ဖို့ အဓိကကျတဲ့ နည်း ဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ထားတဲ့အပြင် စစ်မှုထမ်းသင်တန်းကျောင်း တွေကိုပါ ဆောင်ရွက်ထားပြီးပြီလို့လည်သိရပါတယ်။

တပ်တွင်းသတင်းပေးတွေကတော့ စစ်ကောင်စီဟာ စစ်မှုထမ်းဖို့ ပထမအသုတ်ကို သင်္ကြန်ပြီး တာနဲ့ စတင်ခေါ်ယူပြီး ၆ လသင်တန်းပေးကာ ၁၈ လ အနည်းဆုံးတာဝန်ထမ်းဆောင်ခိုင်းမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းက အမျိုးသား တွေနဲ့ အမျိုးသမီးတွေကိုတော့ ကင်းလွတ်ခွင့်ပေးသွားဦးမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒေသအနှံ့နီးပါးမှာ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွေရဲ့ လက်အောက်ခံ တပ် မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ၁၄ ကျောင်းနဲ့ အခြေခံစစ်လေ့ကျင့်ရေးကတော့ ၁၁ခု့ ရှိတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.