ကနီ – မတ် ၁၆

စစ်ကိုင်းတိုင်း၊ကနီမြို့အခြေစိုက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သား ၄၇ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကစတင်ပြီး မတ်လ ၁၂ ရက်နေ့အထိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် မြို့ကို ၁၁ ရက်ကြာ ထိန်းထားနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တာ ပါ။

အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရဟတ်ယာဉ်၊တိုက်လေယာဉ်တွေနဲ့ လေကြောင်း ပစ်ကူ ၅၄ ကြိမ် ပြုလုပ်ကာ ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက ၈၁ မမ အပါအဝင် လက်နက် ၁၁ လက်နဲ့ ခဲယမ်းအများ အပြား သိမ်းဆည်းရမိခဲ့ပေမယ့် တော်လှန်ရေးတပ်သား ၁၁ ဦးကျဆုံးကာ ၃၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ MOD ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်ကွပ်ကဲမှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၊၂၊ ၆၊၉၊၁၇၊၁၈၊၂၁၊ ၂၂၊၂၃၊၂၅၊၂၇၊၃၀၊၃၂၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကနီ – ပကဖ၊ Alpha စစ်ကြောင်း၊ ဆားလင်း ကြီးစစ်ကြောင်း၊Drone တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ပါ။

လက်တလောမှာတော့ စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီးနဲ့ မြေပြင်အင်အား အဆ မတန်သုံးပြီး မြို့ကို တိုက်ခိုက်ဖျက်ဆီးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ယာယီခွာစစ် ဆင်ထားပြီး စစ်ရေးရည်မှန်းချက်တွေရောက်ရှိတဲ့အထိ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ် လို့ အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.