မော်လမြိုင် – မတ် ၁၅

အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ထံ ကို ကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့က သွားရောက်တွေ့ဆုံပြီး လက်ရှိစစ်ရေးအခြေအနေတွေ ကို တင်ပြဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယာယီသမ္မတထံ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သွားရောက်ဆွေးနွေးခဲ့သလို ဝန်ကြီးချုပ်ထံ ကိုတော့ ဒုဝန်ကြီး နိုင်ကောင်းရွက်က သွားရောက်တွေ့ဆုံခဲ့ကြတာပါ။

ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက် လုပ်ဆောင်နေတဲ့ အကြောင်းအရာ တွေကိုလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာလည်း KNLA နဲ့အတူ ပူးပေါင်းတိုက်ခိုက်ကာ၊ ကချင်ပြည်နယ်မှာလည်း KIA နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေလုပ်ဆောင် နေသလို ကရင်နီပြည်နယ်မှာလည်း KNDF နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် တခြားသော တိုင်းရင်းသားဒေသတွေမှာလည်း စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်း ရေးအတွက် တိုက်ပွဲတွေဖော်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တော် PDF တွေဟာ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ စစ်ကောင်စီကို တိုက်ထုတ်နေတာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.