March 15, 2024

စစ်အာဏာသိမ်း (၁၁၃၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၇၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၁၆ AAPP ရဲ့ မတ် ၁၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၃၉) ရက်အတွင်း ပြည်သူ (၄၇၀၀ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၄၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၁၃၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်သစ်ပါတီ AD စစ်ကောင်စီကို စတိုက်ပြီ

ကျိုက်မရော ၊ မတ် ၁၆ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုတဲ့ မွန်ပြည်သစ်ပါတီ AD က ကြေညာချက်ထုတ်ပြီး တစ်လပြည့်မှာ ကျိုက်မ‌ရောနဲ့ မုဒုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကို နေရာနှစ်ခုမှာ တိုက်ခိုက်ခဲ့တယ်လို့ ပါတီက အသိပေးထုတ်ပြန်ပါတယ်။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ဟာ မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်ခန့်က ကျိုက်မရောမြို့နယ်ရှိ ကြံတောကျေးရွာမှာ…

မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စစ်ကောင်စီ စီစဉ်

မော်လမြိုင် ၊ မတ် ၁၆ မွန်ပြည်နယ်မှာ လာမယ့်ဧပြီလအတွင်း ကျရောက်မယ့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ မွန်ပြည်နယ်အတွင်း သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိနဲ့ စည်ကားသိုက်မြိုက်စွာ…

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု မြင့်တက်လာ

မြဝတီ၊ မတ် ၁၆ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသမှာ ပြင်ထန်းစွာဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ် ၁၄ ရက်နေ့ ညနေပိုင်းက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၅၇ အနီး ဝှေ့ရှမ်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က…

ကျိုက်ဒုံစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဗျူဟာမှူးအပါအဝင် ၆၀ ကျော် လက်နက်ချအညံ့ခံ

ကျိုက်ဒုံ၊ မတ် ၁၆ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်ဗျူဟာစခန်းကုန်းသိမ်း တိုက်ပွဲအတွင်း ဗျူဟာမှူးအပါအဝင် အယောက် ၆၀ ကျော် လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း KNLA တော်လှန်ရေးအင်အားစုအဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ပြီးခဲ့တဲ့ ဇန်န ဝါရီ ၂၇ ရက်နေ့ကစပြီး…

ဟူသီသူပုန်အဖွဲ့  အသံထက်မြန်တဲ့ ဒုံးကျည်ရရှိ

ဒူဘိုင်း၊ မတ် ၁၆ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့ဟာ အသံထက်မြန်တဲ့ ဒုံးကျည်ပိုင်ဆိုင်ထားပြီလို့ ရုရှား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဂါဇာမှာ ဟားမာ့စ်အဖွဲ့ကို ရှင်းလင်းဖို့ ကြိုးပမ်းနေတဲ့ အစ္စရေးကို ဆန့်ကျင်တဲ့ ဟူသီအဖွဲ့အနေနဲ့ အသံထက်ပိုမြန်တဲ့ ဒုံးကျည်ပိုင်ဆိုင်ထားတာဟာ တကယ်ဖြစ်လာမယ်ဆိုပါက ပင်လယ်နီမှာ သူတို့အဖွဲ့ရဲ့ အန္တရာယ်တွေ ပိုများလာမှာပါ။ ဒီသတင်းကို ရုရှားသတင်းဌာန RIA Novosti က အမည်ဖော်ပြမထားတဲ့…

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ စားစရာရဖို့ စောင့်ဆိုင်းနေသူ ၂၉ ဦးသေဆုံး

ဂါဇာ၊ မတ် ၁၆ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ မတ် ၁၄ ရက်နေ့က တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စားစရာပေးဝေချိန် စောင့်ဆိုင်းနေသူ ၂၉ ဦးသေဆုံးခဲ့တယ်လို့ ဟားမာစ့်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးက ဂါဇာအလယ်ပိုင်း အယ်လ်နူဆီရတ် ဒုက္ခသည်စခန်းက အကူအညီပေးရေး စင်တာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဟားမာ့စ်အရာရှိတွေက ဆိုခဲ့တာပါ။ ဒါ့အပြင်…

သင်္ကန်းညီနောင်မှာ စစ်ရှောင်အမျိုးသားတစ်ဦး လည်လှီးသတ်ဖြတ်ခံရ

မြဝတီ၊ မတ် ၁၅ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်ဒေသမှာ နေရပ်ပြန်လာပြီး ပစ္စည်းလာယူတဲ့ စစ်ရှောင်အမျိုးသား တစ်ဦး လည်လှီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့က နေရပ်ပြန်လာတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားဟာ ရွာသစ်ကျေးရွာ ပိတောက်လမ်းကြား မြောင်းထဲ လည်လှီးသတ်ဖြတ်ခံရပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။…

ပုလောမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး

ပုလော၊ မတ် ၁၅ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လေးမိုင်ကျေးရွာက အရပ်သား ၁ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံရဲဘော်တွေထံက သိရပါတယ်။ အင်းအား ၇၀ ဝန်းကျင်နဲ့ ပုလောမြို့နယ် ငါးမိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား မနေ့ မတ် ၁၄ ရက် နေ့လည်…

စစ်မှုထမ်းခိုင်းတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ်လို့ မွန်ပြည်သစ် AD သတိပေး

ကျိုက်မရော ၊ မတ် ၁၅ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီမှာ စစ်မှုထမ်းဖို့ လူငယ်တွေကို ပို့ဆောင်တာတွေ မပြုလုပ်ကြဖို့ မွန်ပြည်သစ်ပါတီ AD က မတ် ၁၅ ရက်နေ့ ရက်စွဲနဲ့ သတိပေးအမိန့်ထုတ်ပြန်ပါတယ်။ တကယ်လို့ ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမှူးဟာ အမိန့်ထုတ်ပြန်ချက်ကို မလိုက်နာဘဲ စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ထံ ပို့ဆောင်မယ်ဆိုရင် ပြတ်ပြတ်သားသားအရေးယူသွားမယ်လို့ NMSP-AD…