ဘရပ်ဆဲလ်၊ မတ် ၁၅

ယူကရိန်းကို အရှိန်မြှင့်ကူညီပေးရေး ရန်ပုံငွေတစ်စိတ်တစ်ပိုင်းအဖြစ် ယူရို ၅ ဘီလျံ ကန်ဒေါ်လာ ၅ ဒသမ ၄၈ ဘီလျံ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီပေးဖို့အတွက် EU အဖွဲ့ဝင်နိုင်ငံတွေက သဘောတူညီခဲ့ကြပါတယ်။

လများစွာကြာ အချေအတင်ဆွေးနွေးခဲ့ကြပြီးနောက် ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အီယူအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ သံအမတ်ကြီးတွေက အခုလိုသဘောတူညီခဲ့ကြတာပါ။

ဆွေးနွေးမှုတွေမှာ အီးယူရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမနီတို့က အဓိကနေရာက ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက် ဘိုရဲက ယူကရိန်းကို မိမိတို့ကူညီထောက်ပံ့ သွားမယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကိုဖော်ပြနိုင်ခဲ့တယ်လို့ သူ့ရဲ့လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

ဒီအကူအညီပေးရေး အစီအစဉ်အရ အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံတွေဆီ လက်နက်ခဲယမ်းတွေ ပေးပို့ပါက ရန်ပုံငွေထဲက ငွေပြန်အမ်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဥရောပက ယူကရိန်းအတွက် စစ်ရေးအကူအညီအနေနဲ့ ယူရို ၆ ဒသမ ၁ ဘီလျံ လျာထားတယ်လို့ သံတမန်တွေက အသိပေးထားပါတယ်။

အခုသဘောတူညီလိုက်တဲ့ အစီအစဉ်အရ တခြားနိုင်ငံတွေကိုလည်း အီးယူက စစ်ရေးအကူအညီ တွေပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ချက်နိုင်ငံကိုလည်း ဥရောပ ပြင်ပနိုင်ငံတွေဆီက လက်နက်ကြီး ကျည်ခွံတွေဝယ်ယူရေး အီးယူက ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အီးယူက လာမယ့် ၄ နှစ်အတွင်း တစ်နှစ်ကို ယူရို ၅ ဘီလျံကို စစ်ရေးအကူအညီပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.