ပုဏ္ဏားကျွန်း၊ မတ် ၈ 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီရဲ့  ခမရ ၅၅၀ တပ်ရင်းအပါအဝင် တပ်စခန်း‌အားလုံးနဲ့ မြို့တစ်ခုလုံး သိမ်းပိုက်ရရှိမှု မှတ်တမ်းဓာတ်ပုံကို ရက္ခိုင့်တပ်တော် AA က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့မတ် ၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့ သိမ်းပိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ၁‌‌၀‌‌၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၇ မြို့ထက်မနည်း သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်စခန်း ရာနဲ့ချီ တိုက်ခိုက်ချေမှုန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.