မင်္ဂလာပါရှင် 

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ထိုင်းနိုင်ငံလွှတ်တော်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီ ဘက်က ကန့်ကွက်ခဲ့တဲ့အတွက် တရားမဝင်ပွဲအဖြစ်ပြီးဆုံးသွားပြီဖြစ်တယ်လို့ စစ်ကောင်စီတပ် လော်ဘီတွေသတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ 

ဒီအကြောင်းကို တပ်ကြပ်ကြီးဖိုးစီ၊အောင်စစ်သည်၊Saw Ba Maung၊ဟန်ငြိမ်းဦးနဲ့ နောင်ရိုးစစ် သည် စတဲ့ ဝါဒဖြန့်ချန်နယ်တွေနဲ့ စစ်တပ်ထောက်ခံတဲ့ အကောင့်တုတွေမှာ မတ်လ ၄ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေလာတာပါ။

ထိုင်းပါလီမန်အမတ်တွေနဲ့ Move Forward Party တို့ဦးဆောင်ပြီး ထိုင်းလွှတ်တော်မှာ မြန်မာ့အရေး ဆွေးနွေးပွဲကို မတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ ပထမရက် ကို စစ်ကောင်စီကန့်ကွက်နေတဲ့ကြားက အောင်မြင်စွာ ကျင်းပနိုင်ငံခဲ့တယ်လို့ ထိုင်းနိုင်ငံက သတင်းဌာနတွေနဲ့ လွတ်လပ်သော မြန်မာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 

မဇ္ဈိမသတင်းဌာနမှာတော့  “မြန်မာနဲ့ မြန်မာရဲ့ ထိုင်းနယ်စပ်အပေါ် လုံခြုံရေးအရ သက်ရောက်မှု” ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်အတွင်း အတိုက်အခံ Move Forward ပါတီက ဦးဆောင်ပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီ ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊  မြန်မာပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ပြီး ဆွေးနွေးကြခဲ့ကြပါတယ်လို့ ဖော်ပြထားပါတယ်။ 

Connect Burma သတင်းဌာနမှာတော့ 3 Years After the Coup” ၊  “အာဏာသိမ်းပြီး ၃နှစ် အကြာ” လို့ ခေါင်းစဉ်ပေးထားတဲ့ ဒီ ဆွေးနွေးပွဲပထမရက်မှာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းတွေ ၊  မျိုးသားညီညွတ်ရေးအစိုးရ   နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့  ကုလ သမဂ္ဂအမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း  တို့ပါဝင်ဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။

မဇ္ဈိမသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02VwDoDNVP68t2HJvdSQzLJuH6hxfndGcbEDXxKAE5HwdE1Zc4xdE1GgKZXMBzharel&id=100067928020493&mibextid=Nif5oz&_rdc=1&_rdr

ထိုင်းသတင်းဌာန The Reporters မှာဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0d3Gia2N7RAQVZsMZAhaQqNwCD2H6q26d6a29wkSS6Bue8ntL9YnuVJGGtjdyFEAtl&id=100069361344864&mibextid=Nif5oz&_rdc=1&_rdr

Connect Burmaသတင်း ဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02EgHruvEUfhGit9ZTF3yEQGZVTgXn9zT1FQDXFAnSgDUvqZYfdbFeQWCncskqSysDl&id=100063942466377&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.