FILE PHOTO: Farmers gesture towards police officers at the site of a protest as they march towards New Delhi to press for better crop prices, at Shambhu barrier, a border crossing between Punjab and Haryana states, India, February 21, 2024. REUTERS/Francis Mascarenhas/File Photo

နယူးဒေလီ၊ မတ် ၆

အိန္ဒိယနိုင်ငံက ဆန္ဒပြလယ်သမားတွေဟာ မြို့တော် နယူးဒေလီမြို့ထဲကို ဘတ်စ်ကား ၊ရထားတွေနဲ့ ဝင်ရောက်ပြီး သူတို့ရဲ့ ဆန္ဒပြမှုကို အရှိန်တိုးမြှင့်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

လောလောဆယ်မှာ လယ်ထွန်စက်တွေနဲ့ ပိတ်ဆို့ထားတဲ့ နယ်စပ်နေရာတွေမှာလည်း လယ်သမား အရေအတွက်ပိုများလာနေတယ်လို့ သိရပါတယ်။

လယ်သမားထောင်ပေါင်းများစွာဟာ ဒေလီသို့ချီတက်ကြစို့ (ဒေလီချာလို)ဆိုတဲ့ ခေါင်းစည်းတွေ နဲ့ ပြီးခဲ့တဲ့လက စတင်ချီတက်ခဲ့ကြပေမယ့် မြို့တော်ရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွယ် မှာ လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ် ပိုက်တွေသုံးပြီး တားဆီးခဲ့တာပါ။

သူတို့ရဲ့ကောက်ပဲသီးနှံတွေအတွက် ဈေးနှုန်းတိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတဲ့ လယ်သမားတွေဟာ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်မအောင်မြင်ဖြစ်ပြီးနောက် ဆန္ဒပြမှုအရှိန်တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပါတယ်။

တောင်ပိုင်းရှိ ကယ်ရယ်လာပြည်နယ်ကနေ အလယ်ပိုင်းရှိ မာဒယာ ပရာဒက်ချ်ပြည်နယ်အထိ ပြည်နယ်အများကြီးက လယ်သမားတွေဟာ မတ်လ ၆ ရက်မှာ နယူးဒေလီမြို့ထဲကို ရထားတွေ ဘတ်စ်ကားတွေနဲ့ ရောက်လာကြမှာဖြစ်တယ်လို့ လယ်သမားခေါင်းဆောင် ရာမန်ဒိဗ်ဆန်းမန်းက ပြောပါတယ်။

ပွန်ဂျက်နဲ့ဟာနာယာပြည်နယ်က လယ်သမားတွေလည်း လက်ရှိဆန္ဒပြနေကြတဲ့ နေရာတွေမှာပဲ လယ်ထွန်စက်တွေ ဆက်လက်ဆန္ဒပြနေကြပြီး သူတို့လည်း နယူးဒေလီမြို့ထဲကို လယ်ထွန်စက်တွေနဲ့ ဝင်ရောက်ဖို့ ကြိုးစားကြမှာဖြစ်တယ်လို့ သိရပါတယ်။

မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ပွန်ဂျက်နဲ့ ဟာယာနာပြည်နယ်က အများဆုံးဖြစ်တဲ့ လယ်သမား ထောင်ပေါင်းများစွာဟာ လယ်ထွန်စက် အစီး၇ေ ၃၀၀၀ လောက်နဲ့အတူ ပြည်နယ်အစပ်နေရာ တွေမှာ ရဲတပ်ဖွဲ့ရဲ့ တားဆီးတာခံနေရတာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တုတ်နဲ့ ရိုက်တာ မျက်ရည်ယိုဗုံးတွေကို ဒရုန်းနဲ့ ကြဲချတာတွေလုပ် ဆောင်နေပြီး နှစ်ဘက် ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီးရှိနေပြီး ဆန္ဒပြသူ တစ်ဦးလည်းသေဆုံးထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။

လာမယ့်မတ်လ ၁၀ ရက်နေ့မှာတော့ လယ်သမားတွေဟာ ရထားလမ်းတွေကို အနည်းဆုံး ၄ နာရီ ပိတ်ဆို့ထားမှာဖြစ်တယ်လို့ လယ်သမားခေါင်းဆောင်တွေက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.