မော်လမြိုင်၊ မတ် ၅

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်အထိ ရှိလာတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုအရ ၂၀၂၁ ခုနှစ်မှာ ၈ မြို့နယ်၊ ၂၀၂၃ ခုနှစ်မှာ ၄၈ မြို့နယ်နဲ့ ၂၀၂၄ ခုနှစ်မှာ ၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့တာပါ။

အဲဒီထဲမှာ မနေ့ မတ် ၄ ရက်နေ့က စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့တဲ့ ရှမ်းပြည်နယ် မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် TNLA က သိမ်းယူထားတဲ့ မြို့နယ်တွေဖြစ်နေပါတယ်။

စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ TNLA က သိမ်းယူထားတဲ့ မြို့နယ် ၃ ခုကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာတာဟာ စစ်ပြန်တိုက်မယ်လို့ ကြေညာမှုဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းတွေအရ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက စစ်အုပ် ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၆၁ မြို့နယ်မှာ နေထိုင်သူ ၈ ဒသမ ၂ သန်းရှိတယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာတော့ စစ်ကောင်စီစစ်တိုင်းမှူးတွေက အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို အပြည့်အဝလုပ်ပိုင်ခွင့်ပေးထားပြီး အယူခံတက်ပိုင်ခွင့် မရှိသလို အ မြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.