ဆီဆိုင် – မတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းဒေသမှာ စစ်ကောင်စီကြောင့် အရပ်သား ၄၇ ဦးသေဆုံးခဲ့ရ တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က သတင်းထုတ်ပြန်ထားပါတယ်။ 

သေဆုံးသူတွေထဲမှာ အသက် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅ နှစ်မှ ၁၀ နှစ်ကြားရှိ ကလေးတွေပါဝင်ပြီး သူတို့ဟာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သား ၄၇ ဦးသေဆုံးကာ ၅၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် လေယာဉ်နဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူတွေရဲ့ အဆောက်အအုံပေါင်း ၁၇၅ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပအိုဝ်းဒေသကို ၄၂ ရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၇၁ ကြိမ်နဲ့ အထက်ပြုလုပ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု ၁၁၃၅ ကြိမ်နဲ့အထက်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ PYO ကအသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PYO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.