ညောင်လေးပင်၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ် ကောက်မယ့်သူကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ ကောက်မယ့်သူကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် စောခဲထူးနဲ့နော်စန်းစန်းမြင့်တို့ အိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သူတို့ရဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် စောတက်တိုးဟာ ကျည်စထိမှန်ခဲ့တဲ့အတွက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့မှာပဲ ညောင်လေးပင်အခြေစိုက် စစ်ကောင်စီ အမှတ်(၂၀) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ၁၂၀ မမ နှစ်လုံး ညောင်ပင်ကြီးကျေးရွာထဲ ပစ်ခတ်မှုကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း KNU ဝင်းရေးမြို့နယ်ဖြစ်တဲ့ ကရင်ပြည်နယ် ကြားအင်ဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာထဲ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅၃ နှစ်အရွယ် နော်ကော့ကော် ကျည်ထိမှန် သေဆုံးထားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.