ဘာလင်၊ ဖေဖော်ဝါရီ ၂၄
ဂျာမနီနိုင်ငံမှာ ဆေးခြောက်အား အပန်းဖြေသုံးစွဲခွင့်ပြုလုပ်တဲ့ ဥပဒေတစ်ရပ်ကို ဂျာမနီလွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ဥပဒေအရ အသက် ၁၈ နှစ်အထက်ရှိတဲ့သူတွေဟာ လာမယ့် ဧပြီ ၁ ရက်နေ့ကစလို့ အများပြည်သူ သွားလာရာနေရာတွေမှာ ဆေးခြောက်သုံးစွဲမှု တရားဝင်ဖြစ်လာမှာ ဖြစ်ပါတယ်။
လိပ်ပြီးသား ဆေးခြောက်အလိပ်ဒါဇင်ပေါင်းများစွာနဲ့ ညီမျှတဲ့ ဆေးခြောက် ၂၅ ဂရမ်အထိကို အ များပြည်သူ သွားလာရာနေရာတွေမှာ လက်ဝယ်ထားရှိနိုင်သလို နေအိမ်တွေမှာ ဆေးခြောက် ၅၀ဂ ရမ်အထိ လက်ဝယ်ပိုင်ဆိုင်ခွင့် ပြုထားပါတယ်။
ဥပဒေအရ ဂျာမနီနိုင်ငံသားတွေဟာ ဆေးခြောက်ပမာဏ များများ လက်ဝယ်ပိုင်ဆိုင်ခွင့် ရှိပေမယ့် တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ဆေးခြောက်ဝယ်ယူဖို့ အခက်အခဲရှိနေတာပါ။
ဆေးခြောက်သုံးစွဲခွင့်ဥပဒေ အသက်မဝင်သေးခင်မှာပဲ ဘာလင်လိုဒေသတွေရဲ့ အများပြည်သူသွား လာရာနေရာတွေမှာ ဆေးခြောက်သုံးစွဲသူတွေကို ရဲတပ်ဖွဲ့က မမြင်ချင်ယောင်ဆောင်နေကြပြီး ဖြစ်ပါတယ်။
ဒီဥပဒေ မပြဌာန်းခင်ကတည်းက ဂျာမနီလူငယ်ထုကြား ဆေးခြောက်သုံးစွဲမှု မြင့်မားလာခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ကားလ် လော်တာဘတ်ချ်က ပြောပါတယ်။
ဝန်ကြီးကတော့ မှောင်ခိုဈေးကွက်ကို အားလျှော့သွားစေချင်သလို မသန့်ရှင်းတဲ့ ဆေးခြောက်တွေ မသုံးစွဲမိစေရေးနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ဝင်ငွေရရှိနေမှုကို ဖြတ်တောက်ပစ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် စာသင်ကျောင်းတွေနဲ့ အားကစားရုံလိုနေရာတွေအနီး ဆေးခြောက်သုံးစွဲတာက တရားမဝင်အဖြစ် ဆက်ရှိနေမှာဖြစ်ပြီး ဈေးကွက်ကို အထူးတင်းကြပ်စွာ ကြပ်မတ်သွားမှာဖြစ်တဲ့အတွက် ဆေးခြောက်ဝယ်ယူဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဥပဒေအရ ဆေးခြောက် တရားဝင် စိုက်ပျိုးခွင့်လည်း ခွင့်ပြုပေးသွားမှာဖြစ်ပြီး အိမ်ထောင်စုတစ်စုကို ဆေးခြောက်သုံးပင်စီ စိုက်ပျိုးခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
Ref:BBC