February 25, 2024

မွန်ပြည်သူ‌တွေ လုံခြုံရေးကောင်းမွန်ဖို့ လူထုနဲ့ ပူးပေါင်းပြီး ကာကွယ်ရေးတိုးချဲ့သွားမယ်လို့ မွန်ပြည်သစ်ထုတ်ပြန်

ရေးချောင်းဖျား ၊ ဖေဖော်ဝါရီ ၂၅ မွန်ဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ လုံခြုံရေးကောင်းမွန်လာဖို့ ပါတီအ‌နေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်ရေးကို မြှင့်တင်တိုးချဲ့သွားမယ်လို့ မွန်ပြည်သစ်ပါတီက သဘောထားထုတ်ပြန်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ ထုတ်ပြန်‌ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ လက်ရှိကာလမှာ စစ်ကောင်စီနဲ့ သူတို့ကို ဆန့်ကျင်သူ‌တွေကြား ဖြစ်ပွား‌နေတဲ့…

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာမှု ဆက်တိုက်မြင့်တက်လာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းတွေကနေတဆင့် ပြည်ပထွက်ခွာမှု ဆက်တိုက်မြင့်တက်လာတယ်လို့ နယ်စပ်အရင်းအမြစ်တွေနဲ့ အလုပ်သမားအရေးကူညီသူတွေထံက သိရပါတယ်။ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းဆောင်လိုခြင်းမရှိတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေဘက်ကို တရားဝင်လမ်းကြောင်းကနေတစ်ဆင့် သွား ရောက်နိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်တွေ ပြုလုပ်မှုနဲ့ ဗီဇာလျှောက်ထားမှုတွေ အရင်ကထက် ပိုမိုများပြားလာနေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့…

မွန်ပြည်နယ်မှာ တစ်လလျှင် လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၅ အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည် နယ်မှာ တစ်လလျှင် လူငယ် ၅၀၀ နီးပါး စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ သိရပါတယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာ ရပ်ကွက်ပေါင်း ၁၀၀ ၊ ကျေးရွာအုပ်စု ၃၆၈ အုပ်စု ရှိနေတာဖြစ်ပြီး စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုအရ…

နယ်မြေထိန်းချုပ်နိုင်မှု ပိုမိုများပြားလာတယ်လို့ KNU ပြော

ဘားအံ၊ ဖေဖော်ဝါရီ ၂၅ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်တွေဟာ စခန်းထဲကနေ အပြင်ကိုမထွက်ရဲကြတဲ့အထိ အခြေအနေဆိုးတွေနဲ့ ကြုံနေရပြီး KNU ရဲ့ နယ်မြေစိုးမိုး ထိန်းချုပ်လာနိုင်မှုကလည်း အရင်အနေအထားထက် ပိုမိုများပြားလာခဲ့တယ်လို့ ပဒိုစောတောနီးက ပြောဆိုခဲ့ပါတယ်။ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင် တပ်မဟာ ၁၊ ညောင်လေးပင်ခရိုင် တပ်မဟာ…

ဂျာမနီနိုင်ငံမှာ ဆေးခြောက်တရားဝင် သုံးစွဲခွင့်ပြု

ဘာလင်၊ ဖေဖော်ဝါရီ ၂၄ ဂျာမနီနိုင်ငံမှာ ဆေးခြောက်အား အပန်းဖြေသုံးစွဲခွင့်ပြုလုပ်တဲ့ ဥပဒေတစ်ရပ်ကို ဂျာမနီလွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဥပဒေအရ အသက် ၁၈ နှစ်အထက်ရှိတဲ့သူတွေဟာ လာမယ့် ဧပြီ ၁ ရက်နေ့ကစလို့ အများပြည်သူ သွားလာရာနေရာတွေမှာ ဆေးခြောက်သုံးစွဲမှု တရားဝင်ဖြစ်လာမှာ ဖြစ်ပါတယ်။ လိပ်ပြီးသား ဆေးခြောက်အလိပ်ဒါဇင်ပေါင်းများစွာနဲ့ ညီမျှတဲ့ ဆေးခြောက် ၂၅…

ရုရှားနျူကလီးယားတပ်ဖွဲ့တွေကို ခေတ်မီအောင် ပြင်ဆင်ထားပြီလို့ ပူတင်ပြော

မော်စကို ၊ဖေဖော်ဝါရီ ၂၅ မဟာဗျူဟာမြောက် ရုရှားနျူကလီးယား တပ်ဖွဲ့တွေရဲ့ ၉၅ရာခိုင်နှုန်းကို ခေတ်မီအောင် ပြင်ဆင်လုပ်ဆောင်ထားပြီလို့ သမ္မတ ဗလာဒီမာ ပူတင်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ရုရှားလေတပ်အတွက်လည်း အသံထက်မြန်ပြီး နျူကလီးယား ဗုံးကြဲလေယာဉ်အသစ် လေးစီးကို ပေးပို့သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ ပူတင်ဟာ Tu-160M နျူကလီးယား ဗုံးကြဲ လေယာဉ် တစ်စီးပေါ်မှာ…