ရေဖြူ၊ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သုံးပတ်အ တွင်း CDM ဆရာမတွေအပါအဝင် ဒေသခံအရပ်သားပြည်သူ ၁၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖေဖော်ဝါရီပထမအပတ်အတွင်းမှာ ကံပေါက်ဒေသခံ CDM ဆရာမ ဒေါ်ကေဂျာဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အ ကြောင်းပြချက်တွေနဲ့ ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ CDM ဆရာမ ဒေါ်ကေဂျာဦး၊ ဒေါ်ယဉ်ယဉ်အေး၊ ဒေါ်နီလာစန်း၊ ဒေါ်သက် သက်မွန်၊ ဈေးဆိုင်ပိုင်ရှင် ဒေါ်ချိုချို၊ ဒေါ်ညိုညိုတို့အပါအဝင် အမျိုးသမီး ၁၂ ဦးနဲ့အမျိုးသား ၂ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ပြန်လွတ်လာတာမရှိသေးဘဲ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့ ကံပေါက်အခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်မှာ ဖမ်း ဆီးထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာ ဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားပြည်သူ ၁၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.