This handout picture taken and released by the Taiwan Presidential Office on February 22, 2024 shows President Tsai Ing-wen shaking hands with US representatives led by Mike Gallagher (R) at the Presidential Office in Taipei. (Photo by Handout / TAIWAN PRESIDENTIAL OFFICE / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / Taiwan Presidential Office" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၄

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဦးဆောင်ပြီး တခြားလွှတ်တော်အမတ် ၄ ဦးနဲ့ သွားရောက်မှုအပေါ် တရုတ်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာမိမိတို့ပြည်တွင်းရေးမှာ ကြားဝင် စွက်ဖက်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ်အရာရှိတွေကြား အပြန်အလှန်ဆက်ဆံမှုပုံစံ မှန်သမျှကို တရုတ်အနေနဲ့ လုံးဝကန့်ကွက်ကြောင်းနဲ့ ထိုင်ဝမ်အရေးမှာ အမေရိကန် ကြားဝင်စွက်ဖက်တာကို လုံးဝကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းက ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အသိပေးထားပါတယ်။

မိုက်ဂေါ်လာဂါဦးဆောင်ပြီး အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထိုင်ဝမ်ကိုသွားရောက်ပြီး ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ ဒုသမ္မတ လိုင်ချင်းတီနဲ့ သမ္မတ ဆိုင်အင်ဝမ်တို့ကို တွေ့ဆုံခဲ့တာပါ။

ထိုင်ဝမ်နဲ့ တရားဝင်အပြန်အလှန်ဆက်ဆံမှုတွေ ရပ်တန့်ရေးနဲ့ တရုတ်တစ်ပြည်ထောင်တည်ရှိမှုကို လေးစားလိုက်နာဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပြီး အရမ်းရှုပ်ထွေးပြီး အတိမ်းအစောင်းမခံတဲ့ ထိုင်ဝမ်ကိစ္စ အသိအမှတ်ပြုဖို့ အမေရိကန်ကို တိုက်တွန်းတယ်လို့ မာအိုနင်းက ပြောပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ်ကြား ဆက်ဆံရေးကို တရုတ်ကန့်ကွက်နေတာ ကြာပြီဖြစ်ပေမယ့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်လွှတ်တော်ကော်မတီ ဖွဲ့စည်းထားမှုကို အထူးသဖြင့် မကျေနပ်ဖြစ်နေတာပါ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်ချိန်က တရုတ်ဟာ ထိုင်ဝမ်ကျွန်းတစ်ဝိုက် ၅ နေရာထက်မနည်း လက်တွေ့ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့် မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ထားပေမယ့် ဒီတကြိမ်မှာတော့ အဲဒီလိုကြီးမားတဲ့ စစ်ရေးအရ တုံ့ပြန်မှုတွေရှိလာမယ်လို့ မထင်ထားကြပါဘူး။

တရုတ်နဲ့ အမေရိကန်ကြား အဆင်မပြေဖြစ်နေတဲ့ ဆက်ဆံရေးကို ပြေလည်စေဖို့အတွက် သမ္မတ နှစ်ဦးတွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၇၅ သန်းတန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချသွားမယ်လို့ ကြေညာပြီးနောက် လွှတ်တော်ကော်မတီရဲ့ ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: AP 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.