Women take part in a ritual event of naked festival, for the first time in its 1250 years of history, at Owari Okunitama Shrine, also known as Konomiya Shrine, in Inazawa, Aichi Prefecture, central Japan February 22, 2024. REUTERS/Chris Gallagher

တိုကျို ၊ ဖေဖော်ဝါရီ ၂၄

ဂျပန်နိုင်ငံအလယ်ပိုင်းက နတ်ကွန်းတစ်ခုမှာ ကျင်းပတဲ့ ကိုယ်လုံးတီးပွဲတော်လို့ခေါ်တဲ့ အခမ်းအနားမှာ အမျိုးသမီးတွေ ပထမဆုံးပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားဟာ နှစ်ပေါင်း ၁၂၅၀ သက်တမ်းရှိပြီဖြစ်ပြီး အမျိုးသမီးတွေဟာ ကပ်လှူပူဇော်မယ့် ဝါးလုံးကြီး တစ်လုံးကို ထမ်းပိုးရင်း ခရမ်းရောင်ဝတ်ရုံတွေနဲ့ ရွတ်ဆိုမှုတွေ သံပြိုင်ပြုလုပ်ခဲ့ကြတာပါ။

မကောင်းဆိုးဝါး ဝိညာဉ်တွေကို မောင်းထုတ်နိုင်ပြီးပါဝင်ဆင်နွှဲသူတွေအနေနဲ့ ပျော်ရွှင်ရဖို့ ဆုတောင်းနိုင်တဲ့ ဒီအခမ်းအနားမှာ အမျိုးသမီး ၇ ဖွဲ့ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်လုံးတီးပွဲတော်လို့ အမည်ပေးထားပေမယ့် ပါဝင်ဆင်နွှဲသူတွေဟာ ကိုယ်လုံးတီးပုံစံနဲ့ ပါဝင်ဆင်နွှဲကြတာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

အမျိုးသားတွေဟာ ဆူမိုနပမ်းသမားတွေ ဝတ်ဆင်လေ့ရှိတဲ့ လန်ကွတ်တီတွေနဲ့ ပါဝင်ဆင်နွှဲကြ တာဖြစ်ပြီး အမျိုးသမီးတွေကတော့ ဂျပန်ပွဲတော်တွေမှာ အဝတ်များတဲ့ ဘောင်းဘီတိုအဖြူနဲ့ အပေါ်ပိုင်းမှာ တင်ပါးဖုံးရုံ ဝတ်ရုံတွေ ဝတ်ဆင်ထားကြတာပါ။

အခမ်းအနားကျင်းပရာ နေရာက ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ နာရှုဟီတို ဆူနိုဒါက ဒီပွဲတော်မှာ အမျိုးသမီးတွေကို တားမြစ်ထားတာမရှိဘူးလို့ အသိပေးထားပါတယ်။

ကျား-မ ကွာခြားမှုကျဉ်းမြောင်းအောင် ပြုလုပ်ရေးအခက်အခဲတွေရှိနေကြောင်း လေ့လာမှု တစ်ခု က ဖော်ပြပြီးနောက် လူမှုအသိုင်းအဝိုင်းထဲ အမျိုးသမီးတွေ ပိုမိုပါဝင်လာအောင် လုပ်ဆောင်ဖို့ ရှိတယ်လို့ ဂျပန်အစိုးရကလည်း ပြီးခဲ့တဲ့နှစ်က ကြေညာထားပါတယ်။

ပွဲတော်မှာ ပါဝင်ခွင့်ပြုနိုင်မလားဆိုပြီး အမျိုးသမီးအဖွဲ့တစ်ခုက ပြီးခဲ့တဲ့နှစ်တည်းက မေးမြန်း ထားခဲ့တာဖြစ်တယ်လို့ နာရူဟီတို ဆူနိုဒါက ပြောခဲ့ပြီး သူတို့ကို ဒီနှစ်မှာတော့ ပါဝင်ဆင်နွှဲခွင့် ပြုလိုက်တာပါ။

ဒါပေမယ့် မကောင်းဆိုးဝါး ဝိညာဉ်တွေကို နှင်ထုတ်ဖို့အတွက် အမျိုးသားအုပ်စုကြီးတစ်စုက တိုက်ခိုက်ခဲ့ကြတဲ့ အဓိကအခမ်းအနားမှာတော့ အမျိုးသမီးတွေ ပါဝင်ခဲ့တာမရှိဘူးလို့ သိရပါ တယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.