February 23, 2024

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သွားရောက်မှု တရုတ် ပြစ်တင်ဝေဖန်

ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၄ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဦးဆောင်ပြီး တခြားလွှတ်တော်အမတ် ၄ ဦးနဲ့ သွားရောက်မှုအပေါ် တရုတ်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာမိမိတို့ပြည်တွင်းရေးမှာ ကြားဝင် စွက်ဖက်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်အရာရှိတွေကြား အပြန်အလှန်ဆက်ဆံမှုပုံစံ မှန်သမျှကို တရုတ်အနေနဲ့ လုံးဝကန့်ကွက်ကြောင်းနဲ့ ထိုင်ဝမ်အရေးမှာ အမေရိကန် ကြားဝင်စွက်ဖက်တာကို လုံးဝကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းက…

ဂျပန်ကိုယ်လုံးတီးပွဲတော်မှာ အမျိုးသမီးတွေ ပထမဆုံးပါဝင်လာ

တိုကျို ၊ ဖေဖော်ဝါရီ ၂၄ ဂျပန်နိုင်ငံအလယ်ပိုင်းက နတ်ကွန်းတစ်ခုမှာ ကျင်းပတဲ့ ကိုယ်လုံးတီးပွဲတော်လို့ခေါ်တဲ့ အခမ်းအနားမှာ အမျိုးသမီးတွေ ပထမဆုံးပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားဟာ နှစ်ပေါင်း ၁၂၅၀ သက်တမ်းရှိပြီဖြစ်ပြီး အမျိုးသမီးတွေဟာ ကပ်လှူပူဇော်မယ့် ဝါးလုံးကြီး တစ်လုံးကို ထမ်းပိုးရင်း ခရမ်းရောင်ဝတ်ရုံတွေနဲ့ ရွတ်ဆိုမှုတွေ သံပြိုင်ပြုလုပ်ခဲ့ကြတာပါ။ မကောင်းဆိုးဝါး ဝိညာဉ်တွေကို…

စစ်အာဏာသိမ်း (၁၁၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၇၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ AAPP ရဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၁၇) ရက်အတွင်း ပြည်သူ (၄၅၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၇၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်မှုထမ်းဥပဒေ တပ်တွင်းနဲ့ Non CDM အသိုင်းအဝိုင်းကြား ဘယ်လိုဂယက်ထနေလဲ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီဩဇာခံတပ်တွင်းနဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းအသိုင်းအဝိုင်းကြား ဝေဖန်မှုတွေရှိနေတယ်လို့ တပ်တွင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လာမယ့်ဧပြီလမှာ စတင်မယ့် စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ အမျိုး သားတွေကို ရွေးချယ်သွားမှာဖြစ်ပြီး တပ်မတော်သားတွေရဲ့သားသမီးတွေကိုလည်း ရွေးချယ်သွားမှာဖြစ်တယ်လို့ အသိပေးထားတာပါ။ အဲဒီလိုအခြေအနေတွေကြောင့်…

ဖမ်းဆီးခံ သံဖြူဇရပ်ဒေသခံ ၈ ဦး ထောင်ဒဏ်အသီးသီး ချမှတ်ခံရ

သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၂၃ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့သူတွေအနက် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဦးမြသန်း ဖမ်းဆီးခံရပြီးနောက် ဒေသခံ ၆၀ နီးပါးကို PDF နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့…

ဘားအံမြို့ကို ဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

ဘားအံ၊ ဖေဖော်ဝါရီ ၂၃ ကရင်ပြည်နယ် ဘားအံမြို့ကို ဝင်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီတပ်က မြို့အဝင်လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး မွန်ပြည်နယ် သထုံကနေတစ်ဆင့် သံချပ်ကာတွေပါတဲ့ တပ်အင်အားအစုအဖွဲ့တွေလည်း ပို့ဆောင်လာနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းထဲကစပြီး ဘားအံမြို့ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာနေမှုနဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အများအပြား ဘားအံမြို့ထဲကို ဝင်ရောက်လာမှုတွေကြောင့် စစ်ကောင်စီတပ်က မြို့အဝင်လုံခြုံရေးကို…

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီသေဆုံးပြီး စစ်ကား ၆ စီးပျက်စီး

ထားဝယ်၊ ဖေဖော်ဝါရီ ၂၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးထားပြီး စစ်ကား ၆ စီးကိုလည်း တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ချေမှုန်းထားတယ်လို့ သိရပါတယ်။ တပ်အင်အား ၃၀၀ ဝန်းကျင်၊ စစ်ကား ၁၇ စီးနဲ့ ထားဝယ်အရှေ့တောဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊…