လွိုင်ကော် – ဖေဖော်ဝါရီ ၁၇ 

ကရင်နီပြည်နယ်၊ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်း ၂ ခုကို စခန်းစွန့်ခွာသွားကြတယ်လို့ ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ရှားတောမြို့ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက်တစ်ရက်မှာပဲ စစ်ကောင်စီရဲ့ ဟွေအွန်တပ်စခန်းနဲ့ ကျားပါစပ်ကြီး တပ်စခန်းတို့ကို စွန့်ခွာသွားကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရဟတ်ယာဉ်တွေနဲ့ ရှေ့တန်းစခန်းက စစ်ကောင်စီတပ်သားတွေကို လာရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ KNDF ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတပ်စခန်းတွေဟာ ထိုင်း-ကရင်နီ နယ်စပ်အတွက် စစ်ကောင်စီရဲ့ အရေးပါတဲ့ ရှေ့တန်းတပ် စခန်းတွေဖြစ်ကြပြီး ဟွေအွန်စခန်းနေရောကို KNDF B-12 နဲ့ KNPLF တို့ပူးပေါင်းပြီး နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ်ရဲ့ ဆန်အိတ်တချို့နဲ့ ခဲယမ်းတချို့ကို သိမ်း ဆည်းရမိထားတယ်လို့ အသိပေးထားပါတယ်။ 

ဒါ့အပြင် ကျားပါစပ်ကြီးစခန်းကိုတော့ ကရင်နီတပ်မတော် KA က ဝင်ရောက်ရှင်းလင်းရေး လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.