မာမန့်စ် အိုဘလက်စ်၊ ဖေဖော်ဝါရီ ၁၈

နော်ဝေနယ်စပ် ၇ ကီလိုမီတာ အကွာမှာရှိတဲ့ မာမန့်စ် အိုဘလက်စ်မြို့ ပီချီနီဂါရွာမှာရှိတဲ့ ရုရှားကလေးငယ်တွေကို ရိုင်ဖယ်သေနတ်ပစ်တက်အောင်နဲ့ ကိုယ်ရောင်ဖျောက်ပိုက်ကွန်ရက် တက်အောင် လေ့ကျင့်သင်ကြားပေးတယ်လို့ သိရပါတယ်။

လူမှုကွန်ရက် တွစ်တာပေါ်ကိုရောက်လာတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေမှာ ရုရှားကလေးတွေဟာ တိုက်ခိုက်ရေးရိုင်ဖယ်အစစ်တွေ၊ပုံစံတူ သေနတ်တွေနဲ့ လေ့ကျင့်နေကြသလို မိန်းကလေးငယ် တစ်ဦးဟာလည်း ကိုယ်ရောင်ဖျောက်ပိုက်ကွန်ရက်လုပ်နေတယ်လို့ တွေ့ရပါတယ်။

ဒီဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်ကနေ ရယူထားတဲ့ ဓာတ်ပုံတွေကို ရုရှားစစ်တပ်မျိုးချစ်လူငယ် အဖွဲ့ အစည်း Yunarmiya ကလည်း ရုရှားလူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

ရုရှားအရာရှိတွေက သူတို့ရဲ့ နယ်မြေတွေထဲမှာ လူငယ်တွေနဲ့ ကလေးငယ်တွေကို စစ်ပညာ သင်ကြားပေးနေတာကို နော်ဝေနယ်စပ်က မှန်ပြောင်းနဲ့ကြည့်ရင် မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

ပီချီနီဂါရွာအနီး နီကယ်လ်မြို့မှာ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ ရုရှားနယ်စပ်က လူတွေရဲ့ နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲနေတာကို မြင်တွေ့ရတယ်လို့ သိရပါတယ်။

နော်ဝေဘက်က လူတွေကတော့ အခြေအနေဘယ်လောက်အထိ လေးနက်နေပြီလည်း ဆိုတာကို မတွေးမိဘူးဖြစ်နေတယ်လို့ သတင်းထောက်တွေက ဖော်ပြထားတာပါ။

ဒါဟာ ကလေးတွေစစ်တိုက်တမ်း ကစားနေတာမျိုးမဟုတ်ဘဲ တကယ့်စစ်သားတစ်ယောက်က ကလေးတွေကို ချီတက်ပုံ ချီတည်နည်းကအစ ပစ်ခတ်တိုက်ခိုက်ပုံတွေကို စနစ်တကျသင်ကြား ပို့ချပေးနေတာဖြစ်ပါတယ်။

ရုရှားက သူတို့ကိုစပြီးမတိုက်ခိုက်လာဘူးဆိုပါက တခြားနိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်မှာ မဟုတ် ဘူးလို့ ဆိုထားပေမယ့် နော်ဝေနယ်စပ်မှာတော့ တကယ့်တိုက်ပွဲတွေဖြစ်လာဖို့ ကြိုတင်ပြင်ဆင် နေပုံရတယ်လို့ သိရပါတယ်။

Ref: Yahoo News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.