မော်စကို၊ ဖေဖော်ဝါရီ ၁၇

ရုရှားနိုင်ငံဟာ သူတို့စစ်တပ်နဲ့အတူတိုက်ပွဲဝင်ဖို့ အာဖရိကနဲ့ အာရှနိုင်ငံတွေက ကြေးစားစစ်သား ထောင်နဲ့ချီ ခေါ်ယူထားတယ်လို့ ယူကရိန်းအမျိုးသားခုခံရေးစင်တာ NRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားဟာ သူတို့ခေါ်ယူထားတဲ့စစ်သားတွေကို ရုရှားမြေပေါ်မှာ လေ့ကျင့်သင်ကြားပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားအစိုးရက သူတို့ကိုလစာအနေနဲ့ ဒေါ်လာ ၂၀၀၀ ကနေ ၄၀၀၀ ကြားကမ်းလှမ်းထားပေမယ့် အမှန်တကယ်ရရှိတဲ့ လုပ်ခလစာဟာ ဒေါ်လာထောင်ချီလျော့နည်းနိုင်တယ်လို့ NRC က ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆီးရီးယား၊နီပေါ၊အာဖဂန်နစ္စတန်၊အိန္ဒိယ၊ကွန်ဂို၊အီဂျစ်နဲ့ ဗဟိုအာရှနိုင်ငံတွေက လူတွေကို ရုရှား ထောက်လှမ်းရေးအေဂျင်စီက ခေါ်ယူနေတာဖြစ်ပြီး သူတို့ကို ယူကရိန်းတိုက်ပွဲမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

နိုင်ငံခြားသားတွေဟာ လုပ်ခလစာအများအပြားပေးမယ်ဆိုတဲ့ ရုရှားရဲ့မက်လုံးကြောင့် ယူကရိန်း မှာ သွားရောက်တိုက်ခိုက်ဖို့ စာရင်းပေးခဲ့ကြတာဖြစ်တယ်လို့ သိရပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း နီပေါနိုင်ငံသား ၁၅၀၀၀ ကို ခေါ်ယူထားတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။

မကြာသေးခင်က ယူကရိန်းစစ်ပွဲက ပြန်လာတဲ့ နီပေါနိုင်ငံသားတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာတော့ သူတို့နိုင်ငံသားတွေကို ရုရှားစစ်တပ်အတွက် မတိုက်ခိုက်ကြဖို့ သတိပေးတာတွေ ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် ရုရှားစစ်တပ်ဟာ ကတိပေးထားတဲ့ လစာအတိုင်းပေးတာမရှိဘဲ ကိုယ်လက်အင်္ဂါဆုံးရှုံး ရသူတွေနဲ့ အသက်သေဆုံးသူတွေအများကြီး ရှိနေတယ်လို့လည်း နီပေါကြေးစား စစ်သားတစ်ဦးက ပြောပါတယ်။

နီပေါကြေးစားစစ်သားတွေကို ဗြိတိန်နဲ့ အိန္ဒိယလိုနိုင်ငံတွေက ခေါ်ယူနိုင်တယ်လို့ သဘောတူထား တာတွေရှိနေပေမယ့် ရုရှားနဲ့သဘောတူထားတာမရှိတဲ့အတွက် သူနိုင်ငံသားတွေကို ကြေးစား စစ်သားအဖြစ်မခေါ်ယူဖို့ နီပေါအစိုးရက သတိပေးထားပါတယ်။

Ref:The New Voice of Ukraine

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.