ပွင့်ဖြူ – ဖေဖော်ဝါရီ ၁၆

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဖွဲ့စည်းမှာဖြစ်တာကြောင့် ခရီးသွားလာခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အုပ်ချုပ်ရေးမှူးတွေကတဆင့် ရွာသားတွေကို အသိပေး တာဖြစ်ပြီး သူတို့ကိုလည်း ခရီးသွားလာခွင့်အတွက် ထောက်ခံစာရေးမပေးဖို့ မှာထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ရပ်ရွာကာကွယ်ရေးအကြောင်းပြပြီး ပျူစောထီးအဖြစ်ပြုလုပ်ခိုင်းတာနဲ့ ဂိတ် ဖွင့်ပြီး ကျေးရွာအဝင်အထွက်တွေစစ်ဆေးခိုင်းဖို့ရှိနေတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

“တချို့ရွာတွေက ဖွဲ့ပြီးနေပြီ။သင်တန်းပေးတာတွေလည်းလုပ်နေတယ်ကြားတယ်။ ကျွန်တော်တို့ ရွာတွေကိုလည်း လာတောင်းတယ်။ မပေးနိုင်ဘူးလို့ပြောထားတယ်။ သူတို့က ရပ်ရွာကာကွယ် ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေလုပ်တာလို့ သိရတယ်” လို့ပြောပါတယ်။

အခုလိုအသိပေးလာတာဟာ စလင်း၊ပွင့်ဖြူက ကျေးရွာတွေတင်မဟုတ်ဘဲ မကွေးက ဒဟတ်ကန် ၊ ကံလှစတဲ့ကျေးရွာတွေဘက်မှာလည်း အသိပေးတာတွေရှိနေတယ်လို့ သိရပါတယ်။ 

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီး ကျေးရွာပျူစောထီးသင်တန်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စပြီး မဲဇလီကျေးရွာ ဘောလုံးကွင်းမှာ ပျူစောထီးသင်တန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီဟာ ဇန်နဝါရီလကစပြီး ပျူစောထီးသင်တန်း ပေးနေတာဖြစ်သလို လက်နက်တပ်ဆင်ပေးတာတွေလည်းပြုလုပ်နေတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.