Kim Jong Un, North Korea's leader, prepares writing a guest book as Kim Yo Jong, Kim's sister, helps ahead of the inter-Korean summit at the Peace House inside the truce village of Panmunjom in the Demilitarized Zone (DMZ) in Paju South Korea, on Friday, April 27, 2018. Kim on Friday became the first North Korean leader to enter South Korea since the peninsula was divided almost seven decades ago as talks begin over dismantling his nuclear weapons program. Source: Inter-Korean Summit Press Corps/Pool via Bloomberg

ပြုံယမ်း ၊ ဖေဖော်ဝါရီ ၁၇

ဂျပန်နဲ့ဆက်ဆံရေးတိုးတက်အောင်ဆောင်ရွက်ဖို့ အတားအဆီးမရှိဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူကပြောခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်အနေနဲ့ ပြုံယမ်းကို လာရောက်တဲ့နေ့ရက် ရှိလာနိုင်တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။

ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ တရားဝင်သံတမန် ဆက်ဆံရေးမရှိပေမယ့် ကီရှီဒါက ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေကြား ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်အရပ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စကို ဖြေရှင်းရေး မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံနိုင်မယ့် နည်းလမ်းတွေရှာဖွေနေတာပါ။

မြောက်ကိုရီးယားကို အုပ်ချုပ်နေတဲ့ အလုပ်သမားပါတီရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ကင်ယိုဂျုံက ကီရှီဒါရဲ့ ပြောဆိုမှုတွေဟာ ဆက်ဆံရေးတိုးတက်စေလိုတဲ့ သဘောဆိုပါက သူ့ရဲ့ပြောဆိုမှုတွေဟာ အပြုသဘောဆောင်တယ်လို့ မှတ်ယူရမှာဖြစ်ကြောင်းဆိုခဲ့ပါတယ်။

နှစ်ဖက်လေးစားမှုအပေါ် အခြေခံပြီး ဆက်ဆံရေးတိုးတက်စေဖို့ လမ်းကြောင်းအသစ်တစ်ခု ဖွင့်လှစ်ဖို့ ဂျပန်က နိုင်ငံရေးအရဆုံးဖြတ်ခဲ့ပါက နှစ်နိုင်ငံအနေနဲ့ အနာဂတ်အသစ်တစ်ခုကို ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျုံက ပြောပါတယ်။

တောင်ကိုရီးယား၊အမေရိကန်တို့နဲ့ပူးပေါင်းပြီး ဂျပန်ဟာ သူတို့ရဲ့လုံခြုံရေးအားကောင်းအောင် ဆောင်ရွက်နေတဲ့အတွက် မြောက်ကိုရီးယားက ဝေဖန်ထားသလို မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံး ကျည်နဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာကိုလည်း ဂျပန်က ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ဂျပန်အစိုးရက မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့ ပြောဆိုမှုတွေကို သတိပြုမိပေမယ့် မှတ်ချက်ပြုစရာမရှိဘူးလို့ ပြောထားသလို ဂျပန်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့တဲ့ ကိစ္စဟာလည်း ဖြေရှင်းပြီးသားဖြစ်တဲ့အတွက် မြောက်ကိုရီးယားရဲ့သဘောထားကို လက်သင့်ခံမှာမဟုတ်ဘူးလို့ အစိုးရပြောခွင့်ရ ယိုရှီမာဒါ ဟာယာရှီက ပြောပါတယ်။

ဒါပေမယ့် ကင်ယိုဂျုံကတော့သူ့ရဲ့ပြောဆိုမှုတွေဟာ သူတစ်ဦးတည်းရဲ့အမြင်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက ဂျပန်နဲ့ တွေ့ဆုံရေးဒါမှမဟုတ် ဆက်ဆံရေးထူထောင်ဖို့ စီစဉ်ထားတာမရှိသေးဘူးလို့ ဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.